Motherboard ချွတ်ယွင်းသည့်လက္ခဏာများနှင့် စမ်းသပ်ပြု ပြင်နည်း

Motherboard ချွတ်ယွင်းသည့်လက္ခဏာများနှင့် စမ်းသပ်ပြု ပြင်နည်း
=====================================
ကျွန်တော်တို့အသုံးပြုနေတဲ့ ပုံမှန်ကွန်ပျူတာတစ်လုံးမှာ System unit ၊ Keyboard ၊ Mouse ၊ Monitor တို့ပါ၀င်ပါတယ်။ အဲဒီအထဲမှာမှ System unit ဆိုတဲ့ သတ္တုပုံးကြီးဟာ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူ့ကို computer case, computer chassis, computer tower လို့လဲ အမျိုးမျိုးခေါ်ကြပါသေးတယ်။
အဲဒီ System unit အတွင်းမှာ အဓိကအစိတ်အပိုင်း (၇) ခုဖြစ်တဲ့ Motherboard, central processing unit (CPU), Hard disk, CD/DVD drive, Memory, Graphic Card တို့ပါ၀င်ပြီး Power supply က Casing နဲ့တစ်ပါတည်းပါလာလေ့ရှိပါတယ်။
အဲဒီအစိတ်အပိုင်း (၇) ခုရဲ့ ချွတ်ယွင်းတတ်တဲ့လက္ခဏာများနဲ့ စမ်းသပ်ပြုပြင်နည်းများကို တစ်ခုချင်းအလိုက် ဖော်ပြသွားပါ့မယ်။
--------------------------------------------------------------------
ကွန်ပျူတာတစ်လုံးရဲ့ အဓိကအစိတ်အပိုင်းက motherboard ဖြစ်ပါတယ်။ သူ့ကိုမူတည်ပြီးတော့မှ အခြားအစိတ်အပိုင်းတွေကိုတပ်ဆင်ရခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် motherboard က လက်ခံတဲ့ ဆက်စပ်ပစ္စည်းများကိုသာ ရွေးချယ်တပ်ဆင်ရခြင်းဖြစ်ပါတယ်။ Motherboard ချို့ယွင်းရခြင်းအဓိကအကြောင်းရင်းက သူ့ကိုတပ်ဆင်ထားတဲ့ အခြားအစိတ်အပိုင်းများကြောင့်ဖြစ်ပြီး သူကိုယ်တိုင်ချို့ယွင်းခြင်း နည်းပါတယ်။
Motherboard ချွတ်ယွင်းရခြင်းအကြောင်းရင်းများ
---------------------------------------------------
၁။ လိုအပ်သည်ထက်ပိုပြီး လျှပ်စစ်အ၀င်များခြင်း
၂။ သက်တမ်းကြာမြင့်ခြင်း
၃။ Motherboard ပေါ်သို့ဖိမိခြင်း
၄။ ကပ်ညိနေသည့် ဖုန်မှုန့်များ များပြားခြင်း
၅။ တပ်ဆင်ထားသည့် fan များအလုပ်မလုပ်ခြင်းကြောင့် အပူများပြားခြင်း
Motherboard ချွတ်ယွင်းသည့်လက္ခဏာများနှင့်ပြင်ဆင်ခြင်း
-----------------------------------------------
၁။ Blue Screen ဖြစ်ခြင်း
အပြာရောင်မျက်နှာပြင်ထွက်ပေါ်ရခြင်းအကြောင်းရင်းများစွာရှိပါတယ်။ အဲဒီအထဲမှာ motherboard ချွတ်ယွင်းရင်လည်း ပေါ်ပါတယ်။ အဲဒီပေါ်လာတဲ့စာကြောင်းတွေမှာ code နံပါတ်တွေရှိပါတယ်။ အဲဒီ code နံပတ်ကိုဖတ်ရှု့ပြီး Microsoft website မှာ ကြည့်ရှု့ရှာဖွေ ပြင်ဆင်နိုင်ပါတယ်။
၂။ Restart/Shutdown ကျခြင်း
ဒါကတော့ အဖြစ်အများဆုံးလက္ခဏာတစ်ခုပါ။ သို့သော် Virus နဲ့ hard disk error ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကလွယ်ပါတယ်။ hard disk ကိုချွတ်၊ တစ်ခြားစက်တစ်လုံးနဲ့ virus စစ်လိုက်ပါ။ ပြီးရင် ပြန်တပ်ပြီးစမ်းပါ။ ဆက်ဖြစ်နေရင် motherboard ကြောင့်ဖြစ်ပါတယ်။
၃။ မီးလောင်သည့်နံ့ရခြင်း
မီးလောင်တဲ့အနံ့ရရင်တော့ PC ကိုချက်ချင်းပိတ်ပစ်ဖို့မမေ့ပါနဲ့။ အပူလွန်ကဲလို့လား၊ power အ၀င်များလို့လား၊ ပတ်၀န်းကျင်ကြောင့်လားတစ်ခုခုဖြစ်နိုင်ပါတယ်။ သူ့ကြောင့် အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ central processing unit (CPU), Hard disk, CD/DVD drive, Memory, Graphic Card တစ်ခုခုကို မထိခိုက်စေပါနဲ့။
၄။ Capacitor များပျက်စီးခြင်း
အပူလွန်ကဲလို့ဖြစ်စေ၊ သက်တမ်းကြာလို့ဖြစ်စေ Motherboard ပေါ်က Capacitor ဗူးတွေဟာ ဖောင်းလာတာ၊ ပေါက်သွား တာမျိုးဖြစ်နိုင်ပါတယ်။ အဲဒါမျိုးဖြစ်နေတာတွေ့ခဲ့မယ်ဆိုရင် Motherboard အမျိုးအစားတူခဲ့ရင်တော့ Capacitor ဗူးကို အစားထိုးလဲလှယ်နိုင်ပါတယ်။
Motherboard ကောင်းမကောင်းကို code ဂဏန်းလေးလုံးနဲ့ဖော်ပြပေးတဲ့ PCI & ISA Motherboard Analyzer Tester နဲ့ စမ်းသပ်လို့ရပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ code နံပတ်တွေကိုကြည့်ပီး ဘာ error လည်းဆိုတာသိရမှာပါ။
Motherboard မကောင်းတော့လို့အသစ်လဲတော့မယ်ဆိုရင် ကျန်ရှိတဲ့ hardware များနဲ့ နောက်လဲလှယ်မယ့် model မှာ ဆက်လက်အသုံးပြုလို့ရအောင် လေ့လာစုံစမ်းမေးမြန်းပီးမှ ၀ယ်ယူသင့်ကြောင်း အကြံပြုလိုပါတယ်။
---------------------------------------------
Central processing unit (CPU) ချွတ်ယွင်းသည့်လက္ခဏာများနှင့် စမ်းသပ်ပြုပြင်နည်းကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။
Credit……Ko Wunna Aye

Comments

Popular Posts