Motherboard အကြောင်း
MotherboardဆိုတာComputerတလုံးရဲ့ အခြေခံ လိုအပ်ချက်တွေထဲမှာ အရေးကြီးဆုံး ကဏ္႑တခုအနေနဲ့ ပါ၀င်ပါတယ်။
Motherboardသည်Computerမှာ ရှိသည့် မတူခွဲပြားတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြသောCPU (Central Processing Unit), RAM (Random Access Memory), ROM (Read-only Memory)နှင့်GPU (Graphic Processing Unit)စသည်တို့ကို တခုနှင့်တခု ချိတ်ဆက်ပြီး ဆက်သွယ်ပေးပါသည်။Motherboardကို အမျိုးမျိုး ခေါ်ဆိုကြပါသည်။Main Circuit Board, System Board, Based Boardစသည်ဖြင့် ခေါ်ဆိုကြပါသည်။Motherboardတွင် အဓိက ပါ၀င်သောConnectorsများနှင့်Slotsများကို အောက်ပါအတိုင်း ဖော်ပြပေးသွားပါ့မယ်။
၁။20/24 Pin Power Connector: MotherboardကိုPowerပေးတဲ့ အခါမှာ အသုံးပြုရန် ဖြစ်ပါတယ်။Boardအမျိုးအစားပေါ် မူတည်ပြီးPin Numberကွဲလဲမူရှိနိုင်ပါတယ်။
၂။4 pin power connector: CPUကိုPowerရရှိစေဖို့ အတွက်4 pin power connectorမှ ထောက်ပံ့ပေးပါတယ်။CPUကို တနည်းအားဖြင့်The Heart of the Computerလို့လည်း ခေါ်ပါတယ်။computer ဦးနှောက်လို့လလည်းအများအားဖြင့်ခေါ်ပါတယ်။
၃။IDE Connector: Hard Disk (HDD)ဆီသို့Dataသယ်ဆောင်တဲ့ အခါမှာ အသုံးပြုပါသည်။ ယနေ့ခေတ်မှတော့IDE cableကို အသုံးနည်းသွားပါပြီ။
၄။SATA Connector: Hard disk (HDD)ဆီသို့Dataသယ်ဆောင်တဲ့ အခါမှာ သုံးပါတယ်။IDEအစားSATAကြိုးများကို ယနေ့ခေတ်တွင် တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။SATA Cableများသည်IDE Cableများထက် ပိုပီး တပ်ဆင်ရလွယ်ကူပါတယ်။
၅။CMOS Backup Battery: CMOS batteryကေတာ့NVRAMနှင့်Real Time Clock (RTC)ကို ထောက်ပံ့ပေးပါတယ်။
၆။Integrated Graphic Processor:၎င်းသည်MotherboardမှာBuild-inပါလာတဲ့GPUတခုဖြစ်ပါတယ်။ သာမန်ကြည့်မယ်ဆိုရင် မမြင်ရပါဘူး။ ဘာကြောင့်လဲ ဆိုလျှင်Heat Sinkကာထားလို့ဖြစ်ပါတယ်။
၇။PCI slot:ယင်းslotမှာ အဓိကအားဖြင့်video card, sound card and network cardအစရှိသဖြင့် အသုံးပြုနိုင်ပါသည်။Slotပေါက်ပါတဲ့ပေါ်မူတည်ပြီး ထပ်တိုးစိုက်လို့ရပါတယ်။
၈။Connect for integrated peripheral: USB portတွေnetwork portတွေVGA Portတွေနှင့်PS2 Portတွေ အစရှိသဖြင့် ပါ၀င်ပါတယ်။
၉။CPU Socket:၎Socketတွင်CPUတပ်ဆင်အသုံးပြုရန် ဖြစ်ပါတယ်။CPUတခုမှာ ပါ၀င်တဲ့Pinအရေအတွက်ပေါ် မူတည်ပီးMotherboardကို လည်းCPU Pinအရေအတွက်နှင့် ကိုက်ညီအောင် ရွေးချယ်ရပါမယ်။ ဒါ့အပြင် ကိုယ် အသုံးပြုမယ့်cpu chipsetကိုMotherboardကsupportလုပ် မလုပ် ကြည့်ပီး ရွေးချယ် အသုံးပြုရန် လိုအပ်ပါတယ်။
၁၀။CPU Fan Connector:၎ကေတာ့CPU Fanကို ပါဝါပေးရန်အတွက် အသုံးပြုရန်ဖြစ်ပါတယ်။CPUသည်Computerရဲ့Brainတခုပဲဖြစ်ပါတယ်။ ထို့ကြောင့် အလွန်ပူသောကြောင့် သူ့ကို အေးနေစေဖို့ လိုအပ်ပါတယ်။
၁၁။DIMM Memory Slot:ယင်းကတော့RAMစိုက်ဖို့အတွက် အသုံးပြုရန် ဖြစ်ပါတယ်။ ၎င်းMotherboardအမျိုးအစားပေါ်မူတည်ပီးslotအနေအထားပြောင်းလဲနိုင်ပါတယ်။DDR, DDR2, DDR3, DDR4အစရှိသဖြင့်DDRအမျိုးအစားပေါ် မူတည်ပြီးSlot Typeလည်း ပြောင်းလဲသွားနိုင်ပါတယ်။
ဒီလောက်ဆို အကြမ်းဖျင်း နားလည်မည်ဟု ထင်ပါသည်။
နောက်များမှာ motherboard စီးရီး တွေအကြောင်းတင်ပြပါအုံးမည်။
#Credit_to_owner
#Infinity_Tech
#computersale
#computerservices
Comments
Post a Comment