ညီမလေးသို့
#Unicode
"ညီမလေးသို့ စာတစ်စောင်"
ညီမလေးရေ..
လူတွေက ပြောပြောနေကြတယ်..
ဒီခေတ် မိန်းကလေးတွေက
တန်ဖိုးတွေ ကျလာကြတယ်တဲ့…
ဘာ့အတွက်ရယ်လို့ မပြောနိုင်ပေမယ့်
ဘာ့တွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ
စဉ်းစားရင်း ဒီစာလေးကို
ရေးလိုက်ရတယ်..။
ညီမလေးရေ…
ဘ၀မှာ ဖြစ်ချင်တာတွေထက် .
ဖြစ်သင့်တာတွေကို ဦးစားပေးပါ..
ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်တဲ့ အချိန်မှာ
ဖြစ်ခဲ့တာတွေနဲ့ ရောင်ရဲတင့်တိမ်
ကျေနပ်နိုင်အောင်... ကြိုးစားပါ...။
လောကမှာ လိုချင်တာတွေ များလာရင်
အန္တရာယ်ဆိုတာ ကြုံလာရတတ်သလို
အဲဒီအန္တရာယ်တွေကပဲ ညီမလေးဘ၀ကို
သင်ခန်းစာတွေ ပေးသွားလိမ့်မယ်..
ဘယ်နေရာ ဘယ်ဒေသမဆို ခေတ်နဲ့
ပတ်၀န်းကျင်ကို လိုက်လျော ညီထွေအောင်
နေထိုင်စားသောက်၊ ၀တ်ဆင်ပါ....
ခေတ်ဆန်တာ များလွန်းရင်
တန်ဖိုးတွေ ကျလာတတ်သလို .
ခေတ်နောက်ကျ လွန်းနေရင်လည်း
ရိုး အ လွန်းသူလို့ အပြောခံရတတ်တယ်...။
ဒါကြောင့် မလျော့လွန်း မတင်းလွန်းတဲ့
မူကို ကျင့်သုံးပါ....။
ညီမလေးရေ…
လူတိုင်းကို အလေးထားပါ...
လူတိုင်းကို အရေးပါ အရာရောက်တဲ့
လူတွေလို့ မြင်ပေးပါ...
ဒီလူက ဆရာ၀န် ဟိုလူက ကူလီထမ်း
(porter)သမားဆိုပြီး ခွဲခြားမဆက်ဆံပါနဲ့...
တိုင်းပြည်တစ်ခု နယ်ပယ်တစ်ခုမှာ...
အားလုံးဆရာ၀န်တွေ ဖြစ်နေလို့ မရသလို
ကူလီထမ်း(porter)သမား မရှိရင်လဲ
အဲ့ဒီ တိုင်းပြည်က မပြည့်စုံနိုင်ပါဘူး...။
အုန်းရေ သောက်ချင်ရင် အုန်းတက်သမားရဲ့
အကူအညီ လိုတယ်ဆိုတာ...
နားလည်ထားပါ..။
အချိန်တိုင်း နေရာတိုင်းမှာ
အပျော်တွေကို မရှာပါနဲ့....၊
လက်ရှိ အချိန်တွေကိုပဲ
ပျော်တတ်အောင် ကြိုးစားပါ..။
အပျော်တွေ မက်တာများလွန်းရင်
ဂုဏ်သိက္ခာတွေ ကျဆင်းလာတတ်တယ်.။
ကုဋေတစ်သန်း ခြေလှမ်းပိုင်ရှင်
မြန်မာ မိန်းကလေးတွေ အတွက်..
အပျော်တွေကို အမြဲရှာဖွေနေလို့
မသင့်တော်ဘူးဆိုတာ ..
ညီမလေး သိထားပါ ။
အရာရာကို ပေါ့ပေါ့ဆဆ မလုပ်ဘဲ
စဉ်းစားချင့်ချိန် ပြီးမှ ဆုံးဖြတ်ပါ...
ဘယ်အရာကို မဆို အသေးအဖွဲ ဟူ၍
မထားဘဲ...အလေးအနက်
ထားပြီး လုပ်ကိုင်ပါ...........။
ပုခတ်လွှဲတဲ့ လက်ပိုင်ရှင်
မိန်းကလေးတို့ဘ၀က
တချိန်မှာ ကမ္ဘာကို
အုပ်စိုးနိုင်တယ်ဆိုတာ မမေ့ပါနဲ့..။
ညီမလေးရေ…
စကားအများကြီး ပြောပြီး ...
ဟားတိုက် ရယ်မောခြင်းတွေကို
တတ်နိုင်သ၍ ရှောင်ကြဉ်ပါ...
ဖြစ်ချင်တာ အများကြီးကို
ဖြစ်သင့်တဲ့ စကားတစ်ချို့နဲ့
ထိရောက်နိုင်အောင်ပြောပါ...။
ဟားတိုက်ရယ်မော ခြင်းဟာ
အပြစ်ကင်းစင်တဲ့ ညီမလေးရဲ့
အပြုံးလှလှတွေကို
ဖုံးကွယ်သွားတတ်တယ်.ဆိုတာ
အထူးသတိပြုပါ..။
တစ်နေ့တာ ဖြတ်သန်း
ကုန်ဆုံးခဲ့တာတွေကို
ညအိပ်ရာ၀င်ခါနီး အချိန်တိုင်း.
သေချာပြန်လည် စဉ်းစား သုံးသပ်ပါ..
အမှား အမှန်ကို နားလည်
သိမြင်နိုင်ခြင်းက အောင်မြင်ခြင်းရဲ့
အဓိက သော့ချက်ဆိုတာ
ညီမလေး သိထားပေးပါ...။
ညီမလေးရေ
နှလုံးသားရေးရာ ကိစ္စနဲ့ ပက်သတ်လာရင်
တစ်ယောက်ထဲကနေ အများကြီးကို
မချစ်ဘဲ တစ်ယောက်ကိုပဲ အများကြီး
ချစ်တတ်အောင် ကြိုးစားပေးပါ...။
ဒါမှ ညီမလေးက ချစ်သူအတွက်
ပါရမီဖြည့်ဖက်ကောင်း
တစ်ယောက်ဖြစ်မှလေ...။
ညီမလေးရေ..
အနေနီးခြင်း ၊ဝေးခြင်းက .
အချစ်စစ်ကို ပိုင်ဆိုင်ထားသူတွေအတွက်
ဘာမှမပြောင်းလဲ နိုင်ပါဘူး.၊
နှလုံးသားတွေ အတူရှိနေခြင်း၊
မရြှိခင်းဘူးအပေါ် မူတည်ပြီးသာလျှင်
အချစ်က ပြောင်းလဲ သွားတတ်ပါတယ်..
ဒါ့ကြောင့်...ညီမလေး လူတစ်ယောက်ကို
တကယ် ချစ်မိနေပြီဆိုရင်.နှလုံးသားခြင်း
အတူရှိနေအောင် ကြိုးစာပေးပါ...။
အနားမှာ မရှိနိုင်တဲ့ အချိန်တွေမှာ
စိတ်တွေလေလွင့်ပြီး နှလုံးသားကို
ရှေ့တန်း မတင်မိပါစေနဲ့..
ငယ်ရွယ်နုနယ်တဲ့ ညီမလေးတို့တွေက
နှလုံးသားကို ရှေ့တန်းတင်မိရင်
မလိုလားအပ်တဲ့ ပူဆွေးသောကတွေကို
ကြုံတွေ့ရတတ်ပါတယ်.....။
နှလုံးသားက ဦနှောက်ရဲ့
ထိန်းချုပ်မှု့အောက်မှာပဲ
ရှိသင့်တဲ့ အရာဆိုတာ
ညီမလေး သိထားပေးပါ.....။
ညီမလေးရေ ..
နောက်ဆုံးအနေနဲ့ မှာချင်တာက
ဘ၀ခရီးလမ်းမှာ အရာရာကို
အလျှင်စလို မဆုံးဖြတ်ပါနဲ့
အလွယ်တကူ မပေးဆပ်ပါနဲ့
အလျှင်စလို ဆုံးဖြတ်ချက်တွေက
ဘ၀နဲ့ ရင်းနှီးရသလို
အလွယ်တကူ ပေးဆပ်ခြင်းကို
ဘယ်သူမှ တန်ဖိုး မထားကြပါဘူး.
ဒါ့ကြောင့် အသိနဲ့ သတိ ကိုယှဉ်တွဲပြီး
ခရီးကြမ်းကို နင်းလျှောက်ပါ….
ဒီလောက်ပါပဲ ညီမလေးရယ်..
မွှေးရနံ့ သင်းတဲ့ ခပ်မြင့်မြင့်က
ပန်းတစ်ပွင့် ဖြစ်ပါစေ.....
Credit to Original Writer
Photo...ဝတ်မှုန်
#Zawgyi
ညီမလေးရေ..
ဒီခေတ် မိန်းကလေးတွေက
ရေးလိုက်ရတယ်..။
ညီမလေးရေ…
မူကို ကျင့်သုံးပါ....။
ညီမလေးရေ…
လူတွေလို့ မြင်ပေးပါ...
အကူအညီ လိုတယ်ဆိုတာ...
နားလည်ထားပါ..။
မသင့်တော်ဘူးဆိုတာ ..
ညီမလေး သိထားပါ ။
မထားဘဲ...အလေးအနက်
ထားပြီး လုပ်ကိုင်ပါ...........။
မိန်းကလေးတို့ဘ၀က
တချိန်မှာ ကမ္ဘာကို
ညီမလေးရေ…
အပြုံးလှလှတွေကို
အထူးသတိပြုပါ..။
တစ်နေ့တာ ဖြတ်သန်း
ကုန်ဆုံးခဲ့တာတွေကို
အမှား အမှန်ကို နားလည်
အဓိက သော့ချက်ဆိုတာ
ညီမလေး သိထားပေးပါ...။
ညီမလေးရေ
ပါရမီဖြည့်ဖက်ကောင်း
တစ်ယောက်ဖြစ်မှလေ...။
ညီမလေးရေ..
ကြုံတွေ့ရတတ်ပါတယ်.....။
နှလုံးသားက
ဦနှောက်ရဲ့
ရှိသင့်တဲ့ အရာဆိုတာ
ညီမလေး သိထားပေးပါ.....။
ညီမလေးရေ ..
ဘ၀နဲ့ ရင်းနှီးရသလို
Photo...ဝတ်မှုန်
"ညီမလေးသို့ စာတစ်စောင်"
ညီမလေးရေ..
လူတွေက ပြောပြောနေကြတယ်..
ဒီခေတ် မိန်းကလေးတွေက
တန်ဖိုးတွေ ကျလာကြတယ်တဲ့…
ဘာ့အတွက်ရယ်လို့ မပြောနိုင်ပေမယ့်
ဘာ့တွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ
စဉ်းစားရင်း ဒီစာလေးကို
ရေးလိုက်ရတယ်..။
ညီမလေးရေ…
ဘ၀မှာ ဖြစ်ချင်တာတွေထက် .
ဖြစ်သင့်တာတွေကို ဦးစားပေးပါ..
ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်တဲ့ အချိန်မှာ
ဖြစ်ခဲ့တာတွေနဲ့ ရောင်ရဲတင့်တိမ်
ကျေနပ်နိုင်အောင်... ကြိုးစားပါ...။
လောကမှာ လိုချင်တာတွေ များလာရင်
အန္တရာယ်ဆိုတာ ကြုံလာရတတ်သလို
အဲဒီအန္တရာယ်တွေကပဲ ညီမလေးဘ၀ကို
သင်ခန်းစာတွေ ပေးသွားလိမ့်မယ်..
ဘယ်နေရာ ဘယ်ဒေသမဆို ခေတ်နဲ့
ပတ်၀န်းကျင်ကို လိုက်လျော ညီထွေအောင်
နေထိုင်စားသောက်၊ ၀တ်ဆင်ပါ....
ခေတ်ဆန်တာ များလွန်းရင်
တန်ဖိုးတွေ ကျလာတတ်သလို .
ခေတ်နောက်ကျ လွန်းနေရင်လည်း
ရိုး အ လွန်းသူလို့ အပြောခံရတတ်တယ်...။
ဒါကြောင့် မလျော့လွန်း မတင်းလွန်းတဲ့
မူကို ကျင့်သုံးပါ....။
ညီမလေးရေ…
လူတိုင်းကို အလေးထားပါ...
လူတိုင်းကို အရေးပါ အရာရောက်တဲ့
လူတွေလို့ မြင်ပေးပါ...
ဒီလူက ဆရာ၀န် ဟိုလူက ကူလီထမ်း
(porter)သမားဆိုပြီး ခွဲခြားမဆက်ဆံပါနဲ့...
တိုင်းပြည်တစ်ခု နယ်ပယ်တစ်ခုမှာ...
အားလုံးဆရာ၀န်တွေ ဖြစ်နေလို့ မရသလို
ကူလီထမ်း(porter)သမား မရှိရင်လဲ
အဲ့ဒီ တိုင်းပြည်က မပြည့်စုံနိုင်ပါဘူး...။
အုန်းရေ သောက်ချင်ရင် အုန်းတက်သမားရဲ့
အကူအညီ လိုတယ်ဆိုတာ...
နားလည်ထားပါ..။
အချိန်တိုင်း နေရာတိုင်းမှာ
အပျော်တွေကို မရှာပါနဲ့....၊
လက်ရှိ အချိန်တွေကိုပဲ
ပျော်တတ်အောင် ကြိုးစားပါ..။
အပျော်တွေ မက်တာများလွန်းရင်
ဂုဏ်သိက္ခာတွေ ကျဆင်းလာတတ်တယ်.။
ကုဋေတစ်သန်း ခြေလှမ်းပိုင်ရှင်
မြန်မာ မိန်းကလေးတွေ အတွက်..
အပျော်တွေကို အမြဲရှာဖွေနေလို့
မသင့်တော်ဘူးဆိုတာ ..
ညီမလေး သိထားပါ ။
အရာရာကို ပေါ့ပေါ့ဆဆ မလုပ်ဘဲ
စဉ်းစားချင့်ချိန် ပြီးမှ ဆုံးဖြတ်ပါ...
ဘယ်အရာကို မဆို အသေးအဖွဲ ဟူ၍
မထားဘဲ...အလေးအနက်
ထားပြီး လုပ်ကိုင်ပါ...........။
ပုခတ်လွှဲတဲ့ လက်ပိုင်ရှင်
မိန်းကလေးတို့ဘ၀က
တချိန်မှာ ကမ္ဘာကို
အုပ်စိုးနိုင်တယ်ဆိုတာ မမေ့ပါနဲ့..။
ညီမလေးရေ…
စကားအများကြီး ပြောပြီး ...
ဟားတိုက် ရယ်မောခြင်းတွေကို
တတ်နိုင်သ၍ ရှောင်ကြဉ်ပါ...
ဖြစ်ချင်တာ အများကြီးကို
ဖြစ်သင့်တဲ့ စကားတစ်ချို့နဲ့
ထိရောက်နိုင်အောင်ပြောပါ...။
ဟားတိုက်ရယ်မော ခြင်းဟာ
အပြစ်ကင်းစင်တဲ့ ညီမလေးရဲ့
အပြုံးလှလှတွေကို
ဖုံးကွယ်သွားတတ်တယ်.ဆိုတာ
အထူးသတိပြုပါ..။
တစ်နေ့တာ ဖြတ်သန်း
ကုန်ဆုံးခဲ့တာတွေကို
ညအိပ်ရာ၀င်ခါနီး အချိန်တိုင်း.
သေချာပြန်လည် စဉ်းစား သုံးသပ်ပါ..
အမှား အမှန်ကို နားလည်
သိမြင်နိုင်ခြင်းက အောင်မြင်ခြင်းရဲ့
အဓိက သော့ချက်ဆိုတာ
ညီမလေး သိထားပေးပါ...။
ညီမလေးရေ
နှလုံးသားရေးရာ ကိစ္စနဲ့ ပက်သတ်လာရင်
တစ်ယောက်ထဲကနေ အများကြီးကို
မချစ်ဘဲ တစ်ယောက်ကိုပဲ အများကြီး
ချစ်တတ်အောင် ကြိုးစားပေးပါ...။
ဒါမှ ညီမလေးက ချစ်သူအတွက်
ပါရမီဖြည့်ဖက်ကောင်း
တစ်ယောက်ဖြစ်မှလေ...။
ညီမလေးရေ..
အနေနီးခြင်း ၊ဝေးခြင်းက .
အချစ်စစ်ကို ပိုင်ဆိုင်ထားသူတွေအတွက်
ဘာမှမပြောင်းလဲ နိုင်ပါဘူး.၊
နှလုံးသားတွေ အတူရှိနေခြင်း၊
မရြှိခင်းဘူးအပေါ် မူတည်ပြီးသာလျှင်
အချစ်က ပြောင်းလဲ သွားတတ်ပါတယ်..
ဒါ့ကြောင့်...ညီမလေး လူတစ်ယောက်ကို
တကယ် ချစ်မိနေပြီဆိုရင်.နှလုံးသားခြင်း
အတူရှိနေအောင် ကြိုးစာပေးပါ...။
အနားမှာ မရှိနိုင်တဲ့ အချိန်တွေမှာ
စိတ်တွေလေလွင့်ပြီး နှလုံးသားကို
ရှေ့တန်း မတင်မိပါစေနဲ့..
ငယ်ရွယ်နုနယ်တဲ့ ညီမလေးတို့တွေက
နှလုံးသားကို ရှေ့တန်းတင်မိရင်
မလိုလားအပ်တဲ့ ပူဆွေးသောကတွေကို
ကြုံတွေ့ရတတ်ပါတယ်.....။
နှလုံးသားက ဦနှောက်ရဲ့
ထိန်းချုပ်မှု့အောက်မှာပဲ
ရှိသင့်တဲ့ အရာဆိုတာ
ညီမလေး သိထားပေးပါ.....။
ညီမလေးရေ ..
နောက်ဆုံးအနေနဲ့ မှာချင်တာက
ဘ၀ခရီးလမ်းမှာ အရာရာကို
အလျှင်စလို မဆုံးဖြတ်ပါနဲ့
အလွယ်တကူ မပေးဆပ်ပါနဲ့
အလျှင်စလို ဆုံးဖြတ်ချက်တွေက
ဘ၀နဲ့ ရင်းနှီးရသလို
အလွယ်တကူ ပေးဆပ်ခြင်းကို
ဘယ်သူမှ တန်ဖိုး မထားကြပါဘူး.
ဒါ့ကြောင့် အသိနဲ့ သတိ ကိုယှဉ်တွဲပြီး
ခရီးကြမ်းကို နင်းလျှောက်ပါ….
ဒီလောက်ပါပဲ ညီမလေးရယ်..
မွှေးရနံ့ သင်းတဲ့ ခပ်မြင့်မြင့်က
ပန်းတစ်ပွင့် ဖြစ်ပါစေ.....
Credit to Original Writer
Photo...ဝတ်မှုန်
#Zawgyi
ညီမလေးရေ..
ဒီခေတ် မိန်းကလေးတွေက
ရေးလိုက်ရတယ်..။
ညီမလေးရေ…
မူကို ကျင့်သုံးပါ....။
ညီမလေးရေ…
လူတွေလို့ မြင်ပေးပါ...
အကူအညီ လိုတယ်ဆိုတာ...
နားလည်ထားပါ..။
မသင့်တော်ဘူးဆိုတာ ..
ညီမလေး သိထားပါ ။
မထားဘဲ...အလေးအနက်
ထားပြီး လုပ်ကိုင်ပါ...........။
မိန်းကလေးတို့ဘ၀က
တချိန်မှာ ကမ္ဘာကို
ညီမလေးရေ…
အပြုံးလှလှတွေကို
အထူးသတိပြုပါ..။
တစ်နေ့တာ ဖြတ်သန်း
ကုန်ဆုံးခဲ့တာတွေကို
အမှား အမှန်ကို နားလည်
အဓိက သော့ချက်ဆိုတာ
ညီမလေး သိထားပေးပါ...။
ညီမလေးရေ
ပါရမီဖြည့်ဖက်ကောင်း
တစ်ယောက်ဖြစ်မှလေ...။
ညီမလေးရေ..
ကြုံတွေ့ရတတ်ပါတယ်.....။
နှလုံးသားက
ဦနှောက်ရဲ့
ရှိသင့်တဲ့ အရာဆိုတာ
ညီမလေး သိထားပေးပါ.....။
ညီမလေးရေ ..
ဘ၀နဲ့ ရင်းနှီးရသလို
Photo...ဝတ်မှုန်
Comments
Post a Comment