စာတစ်လုံး ဘုရားတစ်ဆူ
ရှေးလူကြီးတွေကတော့ စာတစ်လုံးဘုရားတစ်ဆူလို့ ပြောခဲ့ကြတာ️..အရင်ကတော့ ကိုယ်လည်း နားမလည်ခဲ့ဘူး.။
ဒီ Post လေးတွေ့လိုက်တော့မှ...အော်..ဒါကိုပြောတာလားဆိုပီး နားလည်လာတော့တယ်
"သာဓု သာဓု သာဓု" ပါ
🙏🙏🙏
"အက္ခရာဘုရားရှိခိုး"
🙏🙏🙏
က ။.....။ ကကြီးဟူသည်ကား ကိလေသာ မာန်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား🙏
ခ ။.....။ ခခွေးဟူသည်ကား ခန္ဓမာန်ကို အောင် မြင်တော်မူသော
မြတ်စွာဘုရား🙏
ဂ ။.....။ ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား🙏
ဃ ။....။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော မြတ်စွာဘုရား
င ။.....။ ငဟူသည်ကား မာန်ငါးပါးကို အောင်မြင်တော်မူသော
မြတ်စွာဘုရား🙏
စ ။....။ စလုံးဟူသည်ကား စကြဝဠာ တစ်သိုက် တုဖက်ပြိုင်ဖက်
ရှိတော်မမူသော မြတ်စွာဘုရား🙏
ဆ ။....။ ဆလိမ်ဟူသည်ကား ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက်
ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား🙏
ဇ ။....။ ဇကွဲဟူသည်ကား ဇာတိဿ ရဉာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား🙏
ဈ ။....။ ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အပေါင်း
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
ည ။.....။ ညဟူသည်က ဉေယျ ဓံတရား ငါးပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
ဋ ။....။ တတလင်းချိတ်ဟူသည်ကား
ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင်
သိတော်မူသော မြတ်စွာဘုရား🙏
ဋ္ဌ ။....။ ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသော
မြတ်စွာဘုရား🙏
ဍ ။....။ ဒရင် ကောက်ဟူသည်ကား
ကောဒည ပုဏ္ဏားသည် လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟေုပြာဆိုခံရသော မြတ်စွာဘုရား🙏
ဎ ။....။ ဓရင်မှုတ် ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသော
မြတ်စွာဘုရား🙏
ဏ ။....။ ဏကြီးဟူသည်ကား တဏှာတည်းဟူသော အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား🙏
တ ။...။ တဝမ်းပူဟူသည်ကား တစ်ထောင်မကမကသော ဒိဋ္ဌိတို့ကို
ဆုံးမတော်မူသော မြတ်စွာဘုရား🙏
ထ ။....။ ထဆင်ထူး ဟူသည်ကား ထူးမြတ်သော တရားအပေါင်း၌
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
ဒ ။....။ ဒဒွေးဟူသည်ကား ဒိပ္ပစက္ခု ရွှေဉာဏ်တော်ကို ရတော်မူသောမြတ်စွာဘုရား🙏
ဓ ။....။ ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာ တရားအပေါင်း၌
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
န ။....။ နငယ်ဟူသသည်ကား နိဗ္ဗာန် ခေမာ ပြည့်အောင်ဉာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား🙏
ပ ။....။ ပဆောက်ဟူသည်ကား ပုဗ္ဗေနိဝါသ နုဿ တိဉာဏ်ကိုအောင်မြင်တော်မူသော မြတ္စြာဘုရား🙏
ဖ ။....။ ဖဥထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကို
အောင်မြင်တော်မူသော မြတ်စွာဘုရား🙏
ဗ ။...။ ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား🙏
ဘ ။....။ ဘကုန်းဟူသည်ကား ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
မ ။....။ မဟူသည်ကား မဇ္ဇျိမ မာန်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား🙏
ယ ။....။ ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား🙏
ရ ။....။ ရကောက်ဟူသည်ကား ရတနာခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
လ ။....။ လဟူသည်ကား လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက်
ကင်းတော်မူသော မြတ်စွာဘုရား🙏
ဝ ။....။ ဝဟူသည်ကား ဝသုန္ဒြဒေ မြေစောင့်နတ်သားသည်
သက်သေပြု၍ မာနတ်မင်းအား ခုခံ အောင်မြင်တော်မူသော
မြတ်စွာဘုရား🙏
သ ။.....။ သဟူသည်ကား သစ္စာလေးပါး တရားအပေါင်းနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
ဟ ။....။ ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဋ္ဌိတော်လာသည်နှင့် အနိယတ ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား🙏
ဠ ။....။ လကြီး ဟူသည်ကား ဝေဠုဝန်ကျောင်းတော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား🙏
အ ။....။ အဟူသည်ကား နေ အရုဏ်မတက်မှီ အာသဝေါကင်း၍
အာသဝက္ခယဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား🙏
ထို့ ကြောင့် စာတစ်လုံး ဘုရားတစ်ဆူဟု ရှေးလူကြီးသူမတို့ ဆိုရိုးရှိပေ၏့။
credits
စာပေဗဟုသုတ ဓမ္မအသိမျှဝေသူ
မချိုနွယ်ဝင်း (ခ) ဒေါ်ခေမာသိင်္ဂ ီ
Comments
Post a Comment