မသိတာကို မသိဘူးလို့ငြင်းပါယ်ပါရစေ

အပို အလိုတွေ မလုပ်ချင်လို့
ဟန်ဆောင်ခြင်း အတတ်ပညာကိုလည်း
မလေ့လာခဲ့ပါဘူး

အရှိကို အရှိ
အသိကို  အသိ သတိနဲ့ ထိန်းဖို့ပဲ
အမြဲ ကြိုးစားနေခဲ့တယ်

မာယာတွေ ဖောဖောသီသီ သုံးတတ်တဲ့
ခေတ်ကြီးမှာ စေတနာတွေကိုပဲ အမြဲတမ်း
ရှေ့တန်းတင်ဖို့ တွေးတောထားတယ်

လိုတာတွေပဲမှတ်ဖို့ထားတဲ့ အသိညဏ်ထဲကို
မလိုတာတွေရောက်လာခဲ့ရင်လည်း ဦးနှောက်က
လက်မခံတတ်ဖို့ သင်ယူထားတယ်

ကိုယ်သာ သူ့နေရာမှာဆိုတဲ့ စိတ်ဓာတ်မျိုးကိုပဲ
အမြဲတွေးမယ် သူတပါးမကြိုက်တဲ့ အပြုအမူမျိုးကို
ရှောင်မယ် ကိုယ်မကြိုက်တဲ့ အပြုအမူမျိုးတွေ
လုပ်လာရင်လည်း တုန့်ပြန်ဖို့ထက် မသိသလိုပဲ
နေတတ်ဖို့ ကြိုးစားမယ်

ရှေ့ဆက်ပြီးတော့လည်း 
ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေကို ပိုတန်ဖိုးထားမယ်
ကိုယ့်ကို လိုအပ်တဲ့သူတွေကို ပိုစိတ်ချမ်းသာစေမယ်
ကိုယ့်ကို မလိုအပ်တဲ့သူတွေကို ဥပေက္ခာပြုနိုင်ဖို့ပဲ
ကြိုးစားတော့မယ်
                       #   မိုးရိပ်ညို

Comments

Popular Posts