စာဖက်ခြင်းက ပေးတဲ့ အကျုိူကျေးဇူးများ
#Unicode
စာဖတ်ခြင်းကပေးတဲ့ အကျိုးများ
၁-စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ တည်ငြိမ်ရင့်ကျက်တည်ငြိမ်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။
၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။
၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။
၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။
၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။
၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့် ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။
၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။
၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။
ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။
၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။ လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။ စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။ စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။ သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့ စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။
၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ
ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။
လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။ စာဖတ်ခြင်းက
သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။
အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့ လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။
ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ?
၁-အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို
ဖတ်ပေးသင့်ပါတယ်။ အဲ့လိုဖတ်ပေးခြင့်
ကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။
၂-ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။
ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။ စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။
၃-စိတ်အားတက်ကြွစေမယ့် စာပေ
(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်
အဆုံးပေါများလှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။
၄-ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။
ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို တိုတိုတုတ်တုတ်နဲ့
မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊ မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။
၅-ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဉာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။
၆-ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။
ကျွန်တော်ရဲ့စာကိုဖတ်ပြီး ရင်ထဲမှာ
ပြောချင်စရာ စကားများရှိနေပါက
commentမှာ ချရေးခဲ့ပါ။
နောက်လည်း အခုလိုစိတ်အားတက်ကြွ
ဖွယ်ရာ စာပေတွေတင်ပေးမှာမို့
add followလုပ်ပေးထားပါ။
လေးစားစွာဖြင့်
ကိုရဲ
Credit => ကိုရဲ (Bar Lar Lar)
#Zawgyi
စာဖတ္ျခင္းကေပးတဲ့ အက်ိဳးမ်ား
၁-စာဖတ္မ်ားတဲ့ လူတစ္ေယာက္ရဲ႕ ရုပ္သြင္ဟာ တည္ၿငိမ္ရင့္က်က္တည္ၿငိမ္လာတတ္ၿပီး ဘယ္ေလာက္ပဲ အံ့ဩစရာနဲ႔ေတြ႕ေတြ႕
မအံ့ဩတတ္ၾကေတာ့ဘူး။
၂-အရာရာကိုေက်ာ္ျဖတ္လိုတဲ့ စိတ္ေတြႀကီးထြားလာၿပီး တကယ္ပဲေက်ာ္ျဖတ္ဖို႔ အစီအစဥ္ေတြခ်မွတ္လာႏိုင္ၾကတယ္။
၃-ဦးေႏွာက္ရဲ႕ စြမ္းရည္ျမင့္တက္လာၿပီး ေကာင္းမြန္လြန္းလွတဲ့ အေတြးေတြေပါက္ဖြားလာပါတယ္။
၄-ဆုံးျဖတ္ခ်က္ေတြမွန္ကန္လာၿပီး ခ်က္ခ်င္းဆုံးျဖတ္သင့္တဲ့အရာကို ခ်က္ခ်င္းဆုံးျဖတ္ႏိုင္လာတယ္။
၅-စာဖတ္ျခင္းေၾကာင့္ လူေတြဟာ မေကာင္းမႈကို ေရွာင္ရွားလိုစိတ္ေတြမ်ားလာၿပီး စာနာစိတ္ေတြ တိုးပြားလာႏိုင္ပါတယ္။
၆-စာဖတ္တဲ့လူတိုင္းမေအာင္ျမင္ႏိုင္ ေပမယ့္ ဘယ္ေတာ့မွ မက်ရႈံးႏိုင္ပါဘူး။
၇-စာဖတ္သူေတြဟာ ဘဝရဲ႕အေၾကာင္းေတြ၊ အခက္အခဲေတြ၊
စိတ္ကူးစိတ္သန္းေတြကို တစ္ျခားလူေတြထက္ ပိုသိလာၾကတယ္။
၈-ဖတ္ထားတဲ့စာေတြဟာ ေမ့သြားတတ္ေပမယ့္ အေရးၾကဳံလာတဲ့အခါ ျပန္ၿပီးအမွတ္ရေစပါတယ္။
ဥပမာ..က်န္းမာေရးစာေပေတြဖတ္ထား
သူတစ္ေယာက္ဟာ အေရးေပၚက်န္းမာေရး အေျခအေနျဖစ္လာတဲ့အခါ ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာ သိလာႏိုင္ပါတယ္။
၉-စကားေျပာေကာင္းလာလိမ့္မယ္။
စကားဆိုတာ ေျပာသင့္တဲ့အခ်ိန္၊မေျပာသင့္တဲ့အခ်ိန္ရယ္လို႔ ရွိပါတယ္။ လူေတြကကိုယ့္ကို အထင္ႀကီးလိုတာေၾကာင့္ ေနရာတကာမွာ ဝင္ၿပီးေျပာေနမယ္၊ ဘယ္သူမွမေပးဘဲ ဆရာဝင္လုပ္ေနမယ္၊
ပါေလရာ ငါးပိခ်က္လုပ္ေနမယ္ဆိုရင္ လူေတြက သင့္ကို "ေလႀကီး"လို႔ ဝိုင္းၿပီးေခၚေဝၚသမုတ္ၾကပါလိမ့္မယ္။ စကားကို ခ်င့္ခ်ိန္ၿပီးေျပာဆိုတတ္ဖို႔လိုပါလိမ့္မယ္။ စာအုပ္ေတြဖတ္ပါမ်ားလာရင္ သင့္ရဲ႕ေျပာဆိုမႈပုံစံဟာ အထင္ႀကီးစရာေကာင္းေနပါလိမ့္မယ္။ သင့္ပါးစပ္ကထြက္လာတဲ့ စကားလုံးတိုင္းဟာ တစ္ျခားလူေတြရဲ႕ဘဝကို ေပ်ာ္ရႊင္ျခင္းနဲ႔ စိတ္အားတက္ႂကြျခင္းေတြကို ေပးႏိုင္ပါလိမ့္မယ္။
၁၀-ေကာင္းမြန္တဲ့ ပတ္ဝန္းက်င္ကို ေရြးခ်ယ္တတ္လာၿပီး၊ အေပါင္းအသင္းေတြကိုပါ ေျပာင္းလဲေပးႏိုင္ပါလိမ့္မယ္။
ဒါေပမယ့္ စာအုပ္တစ္အုပ္ေလာက္ပဲ
ဖတ္ၿပီး ကိုယ့္ကိုကိုယ္ စာဖတ္တဲ့သူလို႔
ဂုဏ္ယူေနမယ္ဆိုရင္ေတာ့ ရင့္က်က္တည္ၿငိမ္တဲ့ လူတစ္ေယာက္
မျဖစ္ႏိုင္ေသးပါဘူး။
လက္လွမ္းမွီသမၽွစာေပေတြကို ဖတ္ပါမ်ားလာမွ သင္ဟာရဲရင့္တည္ၾကည္တဲ့ လူတစ္ေယာက္ျဖစ္လာမွာပါ။ ဒါ့ေၾကာင့္မ်ားမ်ားဖတ္ပါ။ ဖတ္ႏိုင္သေလာက္ဖတ္ပါ။ စာဖတ္ျခင္းက
သင့္ကို မယုံၾကည္ႏိုင္ေလာက္တဲ့ အေတြ႕အၾကဳံေတြေပးပါလိမ့္မယ္။
အံ့ဩစရာေကာင္းၿပီး လူေတြေလးစားရတဲ့ လူတစ္ေယာက္
အျဖစ္သို႔ ေျပာင္းလဲလာေစပါလိမ့္မယ္။
ဒါဆိုရင္ ဘယ္လိုစာေပမ်ိဳးေတြဖတ္သင့္လဲ?
၁-ေအာင္ျမင္သူေတြရဲ႕ အတၳဳပၸတၱိေတြကို
ဖတ္ေပးသင့္ပါတယ္။ အဲ့လိုဖတ္ေပးျခင့္
ေၾကာင့္ ေအာင္ျမင္သူေတြရဲ႕ အမူအက်င့္ေတြ၊ စိတ္ဓာတ္ေတြကို သင္သိျမင္လာပါလိမ့္မယ္။
၂-ပညာရပ္ဆိုင္ရာစာေပမ်ား
အဂၤလိပ္စာကိုေလ့လာခ်င္သူအတြက္
အဂၤလိပ္နဲ႔ပတ္သက္တဲ့ စာအုပ္ေတြအမ်ားႀကီးရွိပါတယ္။
ဟင္းခ်က္နည္း၊ အလွျပင္နည္း၊ စီးပြားေရး၊ လူမႈဆက္ဆံေရး၊ ေခါင္းေဆာင္မႈပညာရပ္ ဆိုင္ရာစာေပေတြ
ဖတ္မကုန္ေအာင္ တစ္ပုံတစ္ပင္ရွိပါတယ္။ စာေရးခ်င္သူတိုင္းအတြက္ စာေရးနည္းနဲ႔
ပတ္သတ္တဲ့ စာေပေတြ မကုန္မခမ္းပါပဲ။
၃-စိတ္အားတက္ႂကြေစမယ့္ စာေပ
(တက္က်မ္း)
သင့္ရဲ႕ စိတ္ကို ဒိုင္းကနဲျမင့္တက္ေစတဲ့
တက္က်မ္းေခၚ စာေပေတြဟာ မျမင္ခ်င္
အဆုံးေပါမ်ားလွတယ္။ တက္က်မ္းေတြကို ဖတ္ပါမ်ားလာရင္
သင့္ရဲ႕ စိတ္ဟာရဲရဲေတာက္ လာပါလိမ့္မယ္။
၄-ရသစာေပ
ရသစာေပဟာ အင္မတန္ရုိင္းဆိုင္းလွတဲ့
လူတစ္ေယာက္ကို ခ်က္ခ်င္းႏူးညံ့ေစပါတယ္။
ရသစာေပရဲ႕ သေဘာဟာ တက္က်မ္းေတြလို တိုတိုတုတ္တုတ္နဲ႔
မဟုတ္ပဲ ဇာတ္လမ္း၊ဇာတ္အိမ္ေတြဖြဲ႕ကာ
လိုရာ ရည္ရြယ္ခ်က္ကို ေဖာ္ျပတဲ့စာေပမ်ိဳးပါ။ ဇာတ္ေဆာင္ေတြရဲ႕ ေကာင္းမြန္တဲ့အက်င့္စရိုက္၊ မေကာင္းတဲ့အက်င့္စရိုက္ေတြကို ယွဥ္တြဲျပကာ လူေတြကို ဆုံးမတဲ့စာေပအမ်ိဳးအစားပါ။
၅-ဟာသစာေပ
ေပ်ာ္ရႊင္မႈကိုေပးတတ္ၿပီး သင့္ကို ဟာသဥာဏ္ရႊင္ေအာင္ ျပဳလုပ္ေပးတတ္ပါတယ္။
၆-ဘာသာေရးစာေပ
စိတ္နဲ႔ ႏွလုံသားကို ၿငိမ္းခ်မ္းေစတဲ့စာေပပါ။ လိုခ်င္တပ္မႈစတဲ့
တဏွာရာဂမီးေတြကို ခ်ဳပ္ၿငိမ္းေစပါတယ္။
ကၽြန္ေတာ္ရဲ႕စာကိုဖတ္ၿပီး ရင္ထဲမွာ
ေျပာခ်င္စရာ စကားမ်ားရွိေနပါက
commentမွာ ခ်ေရးခဲ့ပါ။
ေနာက္လည္း အခုလိုစိတ္အားတက္ႂကြ
ဖြယ္ရာ စာေပေတြတင္ေပးမွာမို႔
add followလုပ္ေပးထားပါ။
ေလးစားစြာျဖင့္
ကိုရဲ
Credit => ကိုရဲ (Bar Lar Lar)
Comments
Post a Comment