လူငယ်အတွက်ဖက်စာ
လူငယ်များ ဖတ်ဖို့
=============
အချိန်ကိုတန်ဖိုးထားပါ ×××
ညီလေး … မင်းဟာ အချိန်ကိုတန်ဖိုးထားသူ ဖြစ်ရမယ်နော်
ပြန်မရတော့တဲ့အရာတွေထဲ
မှာ အချိန်ရောပါတယ်နော် အပျော်ပါးကိုလျှော့
ပါ အချိန်ကိုအကျိုးရှိရှိအသုံးချတက်ပါစေ အရွယ်ရှိတုန်းလေး ဘဝအတွက်အစွမ်းကုန်ကြိုးစားပါ ဒီအချိန်မှာမင်းဟာဘဝအတွက်
ဘာမှမလုပ်ခဲ့ဘူးဆိုလျှင် နောင်တစ်ချိန်ကျရင် မင်းဟာ ဆင်းရဲစွာဖြင့်ဘဝကို ဖြတ်သန်းနေရလိမ့်မယ်နော် ဒါကြောင့်အချိန်ကို တန်ဖိုးထားပါ အကျိုးရှိစွာ အသုံးချပါညီလေး …
အချစ်အတွက် ဘဝမပျက်စေနဲ့ ×××
ညီလေး … မင်းအရွယ်ဟာ လေတိုက်လို့သစ်ရွက်လှုပ်တာတောင်မှ ရယ်ချင်နေတဲ့ စိတ်ကစားချင်သော အရွယ်နော်
ချစ်ပါ ဒါပေမယ့် အချစ်ကြောင့်ဘဝမပျက်စေနဲ့
ဖြစ်နိုင်ရင် ဒီအရွယ်မှာ ကြင်ယာရှာဖို့ထက် ပညာရှာခြင်းက မင်းဘဝအတွက်ပိုပြီး အကျိုးထူးစေလိမ့်မယ် ဒါကိုမှတ်ထားပါညီလေး …
သူငယ်ချင်းကောင်း ရှိဖို့လိုမယ် ..
ညီလေး …
မင်းမှာ သူငယ်ချင်းကောင်းရှိရဲ့လား?
မရှိသေးဘူးဆိုလျှင် ရှိအောင်လုပ်ရမယ်နော်
သူငယ်ချင်းကောင်းဆိုတာ မင်းဘဝရဲ့မီးပြတိုက် တစ်ခုပဲ မင်းလျှောက်မယ့်လမ်းအတွက် သူက
ဖြောင့်တန်းအောင်လျှောက်နိုင်ဖို့ ကူညီပေးပါ
လိမ့်မယ် နောက်ပြီး မင်းစိတ်ဓါတ်ကျနေချိန်မှာ
မင်းအတွက် ရယ်စရာတွေဟြေရင်း စိတ်ဓါတ်
ခွန်းအားတွေ ပေးစွမ်းလိမ့်မယ်...
ဒါကြောင့်
သူငယ်ချင်းကောင်းရှိဖို့ လိုအပ်တယ်ညီလေး … !!
အရက်ရဲ့ကျွန် မဖြစ်စေနဲ့ ×××
ညီလေး … အရက်ဆိုတာ လူ့နယ်ပယ်မှာ
အရာဝင်တယ်ဆိုပေမယ့် ဘဝဖျက်နေတယ်
ဆိုတာရော သတိထားမိလား လူငယ်ဖြစ်လို့
အရက်သောက်တယ်ဆိုတာ အပြစ်မဟြေလို
ဘူး ဒါပေမယ့် အလွန်ကျွံမဖြစ်စေနဲ့ အကယ်
၍ အလွန်ကျွံသောက်မိပြီဆို တဖြည်းဖြည်းနဲ့
မင်းဟာ အရက်ရဲ့ကျေးကျွန်ဖြစ်သွားလိမ့်မယ်
ဒါကြောင့် အလွန်ကျွံမဖြစ်စေနဲ့ညီလေး
ဖြစ်နိုင်ရင် မသောက်ပါနဲ့ အရက်ကမင်းဘဝ
ကို ကောင်းကျိုးမပေးဘူးဆိုတာသိထားပေးပါ
ညီလေးရယ် …
မိဘစကား နားမှာမခါးလိုက်ပါနဲ့ .. !!
ညီလေး … မိဘဆိုတာ မိမိသားသမီးကို
ဘယ်သောအခါမှ လမ်းမှားသို့မရောက်စေလို
ပါဘူး ဒါကြောင့်မင်းမှားနေတာမြင်လျှင် သူတို့
က ဆုံးမပါလိမ့်မည် ဒီလိုဆုံးမတဲ့စကားတွေ
ကို မင်းရဲ့နားမှာ မခါးလိုက်ပါနဲ့ ငါ့အတွက်
ဆုံးမနေတယ်ဆိုတာ သိထားပေးပါညီလေး …
online ဆိုတာ မင်းဘဝမဟုတ်ဖူး ×××
ညီလေး … မင်းဟာ ခေတ်မှီတဲ့လူငယ်ပါ
လူငယ်ပီပီ အများနဲ့အတူခေတ်မှီစွာနေထိုင်
ချင်စိတ်ရှိပါလိမ့်မယ် လူငယ်တိုင်းအသုံးပြုနေ
တဲ့ online ဆိုတာကြီးကို ညီလေးမစွဲလမ်းပါ
စေနဲ့ online ပေါ်တက်ပြီး သာယာမနေနဲ့
လိုအပ်သည်များကိုယူပြီး မလိုအပ်သည်များကို
မေ့ပစ်ပါ တကယ်တော့ online ဆိုတာ
မင်းဘဝမဟုတ်ဖူး မင်းဘဝက မင်းလက်ထဲက
ကြိုးစားမှုနဲ့ပဲ သက်ဆိုင်တယ်နော် ဒါကြောင့်
အသုံးပြုလိုလျှင် သုံးပါ အလွန်ကျွံမဖြစ်စေနဲ့
မင်းမှတ်ထားရမှာက online ဆိုတာ မင်းဘဝ
မဟုတ်ဘူးနော် ဒါကိုမှတ်ထားပါညီလေး … !!
ဒီပို့စ်ကို ရေးသားခြင်းသည် ကျွန်တော် ဆရာလုပ်ခြင်းမဟုတ်ပါ
အလင်းတစ်ချက်ပြသည်ဟု ယူဆပေးပါခင်ဗျ
မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ...!!᠌
Comments
Post a Comment