ဆန့်ကျင်ဘက် အတွေးများ
--------------------ဆန့်ကျင်ဖက် အတွေးများ-------------------
``မင်း ဘွဲ့ မရရင် မင်းမှာရှိတဲ့အရည်အချင်းကို ဘယ်သူကမြင်ကြမလဲ ´´ ။
ကျွန်တော့်ဆရာ တစ်ယောက်ပြောလေ့ရှိတဲ့စကားပါ ။ ဆရာဆိုတာကတော့ မေတ္တာတွေ ပရဗွနဲ့ လမ်းတည့်စေချင်လို့ညွှန်ပြကြတာပေါ့ ။
လူတိုင်း လူတိုင်းမှာ ပန်းတိုင်တစ်ခုပဲရှိပါတယ် ။ လူတိုင်းလူတိုင်းမှာပါ။
ခင်ဗျားရော ကျွန်တော်ရော ပညာတတ်သူရော မတတ်သူရော ပန်းတိုင်ကတော့ တစ်ခုတည်းပါပဲ ။ ဒါကတော့ ``ဘဝကိုအဆင်ပြေဆုံးရပ်တည်သွားဖို့ဆိုတာပဲ´´။
ဒါပေမယ့်----လျှောက်ဖို့ လမ်းကတော့ ၂ ခုများတောင်ရှိပါတယ်။ ပထမတစ်ခုက အရမ်းဖြူးဖြောင့်ပြီး ခလုတ်မထိဆူးမငြိဖို့ လွယ်ကူတဲ့ ဘွဲ့ရ ပညာတတ်ဝန်ထမ်း ဆိုတဲ့သူတွေသွားတဲ့ လမ်းပါပဲ ။
တရားဝင်ဖောက်ထားတာပါ လုံးဝအန္တရာယ်ကင်းပါတယ် လျှောက်သာလျှောက်ပါ ခင်ဗျားအတွက် အကျိုးမယုတ်နိုင်တဲ့လမ်းဆိုပါတော့ ။ အဲဒီလမ်းမှာလျှောက်နေသူတွေရဲ့
ခြေထောက်မှာ ဆူးတွေမရှိဘူး ။
အကယ်၍များအဲဒီလမ်းကိုလျှောက်ခွင့်မရခဲ့ရင်ဖြစ်ဖြစ်လျှောက်လို့မရတဲ့အနေအထားမျိုးကိုရောက်သွားရင်ပဲ ဖြစ်ဖြစ်ကျွန်တော် တို့ တစ်ခုသိရမှာက ``လမ်းပျောက်သွားတာမဟုတ်ဘူး ´´ဆိုတာပါပဲ။ လမ်း၂ခုရှိတဲ့နေရာကနေ ၁ခုကိုပဲရဲရဲလျှောက်ဖို့အခွင့်အရေးရသွားတာပါ။
ဒီကမ္ဘာကြီးမှာ မန်ကျီးပင်ကနေ ပန်းသီး သီးတာခင်ဗျားမြင်ဖူးပါရဲ့လား ။ NO ပါ မကျီးပင်ရဲ့ စွမ်းဆောင်ရည်ဟာ မကျီးသီး သီးပြဖို့ပါ။ အဲဒီလိုပါပဲ ကိုယ်ပိုင်ပုံစံ ကိုယ်ပိုင်စွမ်းရည်ရှိကြသူတွေဟာ ဘယ်တော့မှသူများအကြိုက်သူများပုံစံကိုလိုက်ပြီး ပန်းသီးသီးမပြတတ်ကြပါဘူး ။
တရားသေ မျှော်လင့်ချက်မခိုင်မာတဲ့
လမ်းကို ခင်ဗျားလျှောက်ရတော့မယ် ဆိုတဲ့အခါ အားတော့ငယ်မှာပေါ့ ။ တွေးကြည့်စမ်းပါဗျာ အဲဒီလမ်းမှာ ခင်ဗျားတံတားဆောက်ချင်ဆောက်လို့ရပါတယ်။
အဲဒီလမ်းမှာ နားခိုစရာသစ်ပင်လေး ပေါက်ချင် ပေါက်လို့ရတယ် ။ ဘယ်သူမှမကန့်ကွက်ရဲပါဘူး
ဘာကြောင့်လဲ ဆိုတော့ ဒါအများသတ်မှတ်ထားတဲ့
အများပိုင်လမ်းမဟုတ်ဘူး။
ခင်ဗျားသတ်မှတ်ထားတဲ့ခင်ဗျားပိုင်
လမ်းဖြစ်နေလို့ပါ ။ လမ်းကောင်းကြီးကသူတွေ ခင်ဗျားလိုအခွင့်အရေးရှိရဲ့လား?
မတွေးနဲ့ အရမ်းဝေးလို့ ပါ ။
တစ်ခုတော့ရှိတယ် ပန်းတိုင်ကိုရောက်တဲ့အခါလမ်းကောင်းကြီးက လူတွေကသူတို့လာခဲ့တဲ့ လမ်းဘယ်လောက်ကောင်းလဲ
ဆိုတာကိုပဲ ပြောပြလို့ရတဲ့အချိန်မှာ လမ်းဖောက်ခွင့် ရခဲ့တဲ့ ခင်ဗျားကတော့ အဲဒီလမ်းကိုဘယ်လို ကောင်းအောင် ဖောက်ပြီး ဘယ်လို ညောင်းအောင် လျှောက်ခဲ့ရလဲဆိုတာ ပြောခွင့်ရနေမှာ ။
အဲဒါကိုအရည်အချင်းလို့ခေါ်တာ ။
ဟုတ်တယ်ဗျ အများသူငါကြည့်ရှုခြင်းငှာ ကျွန်တော်တို့ မန်ကျီးပင်များဟာ ပန်းသီး သီးပြစရာ လုံးဝမလိုအပ်ပါ ။
Comments
Post a Comment