စာပေချစ်သူများသို့

📚📚

စာပေချစ်သူများသို့ //
                             📚📚

📖 သင့်ကို လျို့ဝျက်ချက်ပြောပြရဲတဲ့လူဆိုတာ သင့်ကို
လုံးဝယုံကြည်လို့ဖြစ်တယ်..ဘယ်တော့မှ မပေါက်ကြား
ပါစေနဲ့..။

📖 သင့်ကို အားနည်းချက် ပြရဲတဲ့လူဆို သင့်ကို
အလွန်ခင်မင်လို့ဖြစ်တယ်..ဘယ်တော့မှ သွားမထိခိုက်
ပါစေနဲ့..။

📖 သင့်ကို ပိုက်ဆံချေးရဲတဲ့လူဆိုတာ သင့်ကို လုံးဝ
စိတ်ချတဲ့လူ ဖြစ်တယ်..ဘယ်တော့မှ သူ့အကြွေး မဆုံး
ရှူံးပါစေနှင့်..။

📖 လူတစ်ဦးကို ယုံကြည်ဖို့ အလွန်ခက်ခဲပါတယ်..နေ့
တွေ လတွေ အချိန်တွေ အများကြီး ပေးရပါတယ်..။

📖 ယုံကြည်မှု့ ပျက်အောင် လုပ်ရတာ အလွန်လွယ်ကူ
ပါတယ်..တခါ ကတိပျက်ရုံတင် လုံလောက်ပါတယ်..။

📖 ယုံကြည်မှု့ဆိုတာ ကောင်းကောင်းထိန်းသိမ်းနိုင်ရင်
မင်္ဂလာတစ်ရပ်ပါ..တစ်ဘက်က အပြည့်အဝ ယုံတယ်..။

📖 အခြားတစ်ဘက်က လုံးဝ  သံသယကင်းတယ်..
ယုံကြည်မှု့ကို ယုံကြည်မှု့ခြင်း တုန့်ပြန်တယ်..။

📖 စိတ်ကို စိတ်ခြင်းပေါင်းကြတယ်..အိမ်ထောင်ရေးမှာ 
ဖြစ်ဖြစ် သူငယ်ချင်းကြားမှာဖြစ်ဖြစ် လုပ်ဖော်ကိုင်ဘက်
ကြားမှာ ဖြစ်ဖြစ် ယုံကြည်မှု့တည်ဆောက်နိုင်ခဲ့ရင် 
ဟိုကောင်းကျိုး၊ ဒီကောင်းကျိုး ခဏဘေးဖယ်ထား
အနည်းဆုံးတော့ ဘဝမှာ အနှစ်သာရ ပိုရှိပါတယ်..။

📖 ဒါကြောင့်မို့လို့ သင့်ကို ချစ်ခင်တဲ့လူတွေကို ရင်မကွဲမိ
ပါစေနှင့်..သင့်ကို ယုံကြည်တဲ့လူ နောင်တ မရမိပါစေ
နှင့်..။

📖  လူလူချင်းဆိုတာ ရှေ့မှာ သဘောမတူကြလို့ ရန်ဖြစ်
လို့ရပါတယ်..ကွယ်ရာမှာ ဓားနဲ့ခိုးမထိုးဖို့လိုတယ်..ရှေ့မှာ
အချေအတင် ငြင်းခုန်လို့ ရပါတယ်..ကွယ်ရာမှာ အတင်း
မတုတ်ဖို့ လိုပါတယ်..ယုံကြည်မှု့ကို လက်နက်အဖြစ်
အသုံးမပြုသင့်သလို အလွဲသုံးစားပြုတာမျိုးလည်း
လုံးဝရှောင်ကျဉ်ရပါမယ်..။

📖 အကျိုးအမြတ်ကို ယုံကြည်မှု့နဲ့ ပေးဆပ်ရမယ်ဆိုရင်
ဘဝတစ်သက်တာ စိတ်ချမ်းသာမှု့ အတွက် ရဲရဲသာ
လွတ်ချလိုက်ပါ..။

📖 အနှစ်ချုပ်အနေနဲ့ ပြောရရင် ..လူဆိုတာ သူများ
ကိုယ့်ကို ယုံတာ မယုံတာ ခဏထားပါ..။

📖 ယုံကြည်ထိုက်တဲ့လူတစ်ယောက်ဖြစ်အောင်တော့
အစဉ်ကြိုးစား နေဖို့ လိုပါတယ်..။

👉 လူ့ဘဝ ပိုမို အနှစ်သာရ ရှိစေဖို့ပါ 👈

@ စာပေချစ်သူများအတွက် ##

@ ပြန်လည်မျှဝေ ပေးလိုက်ပါသည် ##

Credit : Thet Thet Naing 📖📖📖📖📖📖📖

4 , 2 , 2020

Comments

Popular Posts