ဘဝမှာ အောင်မြင်ချင်ရင် ( S ) ၁၅ လုံးနဲ့ စတင်ပါ
"ဘဝမှာအောင်မြင်စေဖို့(S) ၁၅လုံးနဲ့ပြည့်စုံရပါမယ်"
1.Style ရှိရမယ်...
စတိုင်ဆိုတာ မရှိတာကို ရှိအောင် ၊ မလှတာကို လှပအောင်
ကြွားဝါနေတာမျိုးမဟုတ်ပါဘူး။ ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘဝကို
ယုံကြည်ချက်ရှိရှိနဲ့ တည်ဆောက်တာမျိုးပါ။
2.Smart ကျရမယ်....
Smart ကျတယ်ဆိုတာက ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်း
သပ်ရပ် စနစ်ကျနေရမယ်။ အပေါ်ယံသကာရည် လောင်းပြီး
အတွင်းပုပ်သိုးနေရင်တော့ မျက်နှာမှာ "သနပ်ခါး ပေါင်မှာ သေးစီးကြောင်း"ဖြစ်နေပါလိမ့်မယ်။
3.Smile ပြုံးရွှင်နေရမယ်.....
လူမှုဆက်ဆံရေးမှာ အဓိကလိုအပ်ချက်က ဖော်ရွေပြုံးရွှင်မှုပါ
ပိုက်ဆံရှိတဲ့ လူကို ပြုံးပြပြီး ဆင်းရဲသားကို နှာခေါင်းရှုံ့နေတာမျိုးဆိုရင်
တော့ အသက်ပါတဲ့ အပြုံးမဟုတ်ဘဲ ပကာသနအပြုံးပဲ
ဖြစ်နေပါလိမ့်မယ်။
4.Solemn ကိုယ်ကျင့်သိက္ခာရှိရမယ်....
ကိုယ်ကျင့်သိက္ခာဆိုတာ ကိုယ်ကျင့်တရားကောင်းပြီး ပကာသနနဲ့
ဘဝကိုမဖြတ်သန်းဘဲ "သမာဓိ"နဲ့ ဘဝကိုတည်ဆောက်ခြင်းပါ။
တာဝန်ယူတတ်ပြီး ကတိတည်သူက လူအများလေးစားခံရပြီး
ယုံကြည်မှုကို ရထားသူကို ဆိုလိုပါတယ်။
5.Seek ကြိုးစားအားထုတ်မှုရှိရမယ်....
ဘဝတစ်ခုကို တည်ဆောက်ရာမှာ ကြိုးစားမှုက နံပါတ်တစ်ပါ
မှန်ကန်သော ကြိုးစားမှု ဖြစ်ဖို့တော့ လိုအပ်ပါတယ်။
6.Sate စိတ်ထားပြည့်ဝရမယ်......
စိတ်ထားပြည့်ဝတယ်ဆိုတာက အခြားသူကို မတရားမလုပ်ဘဲ
ကိုယ်ချင်းစာတတ်သူကို ဆိုလိုတာပါ။ စေတနာကောင်းပြီး
သည်းခံတတ်သူကို ဆိုလိုတာပါ။
7.Say ပြောဆိုတတ်ရမယ်......
"မုသားမပါရင် လင်္ကာမချောဘူး”ဆိုပေမယ့် မုသားနည်းအောင်
အတတ်နိုင်ဆုံးကြိုးစားပြီး အမှန်တရားပြောရင်တောင်
အခြားသူ လက်ခံနိုင်အောင် ပြောဆိုတတ်ခြင်းပါ။
ကိုယ့်စကားကြောင့် အခြားသူကို မထိခိုက်စေသလို ကိုယ့်ကိုလည်း
မထိခိုက်အောင် လိမ္မာပါးနပ်ဖို့ လိုပါတယ်။
8.Secret လှို့ဝှက်တတ်ရမယ်.....
ကိုယ့်ရဲ့ အကြံအစည်ကောင်းတွေကို
တတ်နိုင်သမျှ လှို့ဝှက်သင့်သလို
အခြားသူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မည့် အပြုအမူများကိုလည်း
ထိန်းချုပ်သင့်ပါတယ်။ ကိုယ့်မှာ ရှိတာကို လူအများသိအောင်
ထုတ်ကြွားနေရင်တော့ မနာလိုဖြစ်ခံရပြီး တိုက်ခိုက်ခံရမှာဖြစ်ပါတယ်။
မပြည့်သေးရင် ဘောင်ဘင်မခတ်တာ အကောင်းဆုံးပါ။
လှို့ဝှက်သင့်သည်ကို လှို့ဝှက်ထားတာ အကောင်းဆုံးပါ။
9.Save စုဆောင်းတတ်ရမယ်.....
နေရာတကာ လက်မဖွာသင့်သလို နေရာတကာမှာ လူမှုရေးပျက်လောက်
အောင် ကပ်စေးမနှဲသင့်ပါ။ အသုံးနဲ့ အဖြုန်းကိုနားလည်တတ်ဖို့
လိုပါတယ်။ ကိုယ်ပိုင်သမျှကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကိုယ့်ဝမ်းကိုယ်တောင် နှမျောနေရင်လည်း အချိန်တန်ရင် ဆေးရုံဆေးခန်းမှာ
အလှူ ပေးရတတ်ပါတယ်။
10.Ship အခြေအနေကို သိတတ်ရမယ်....
အခြေအနေနဲ့ အချိန်အခါကို နားမလည်ရင် ခုခေတ်စကားအရ
အထူအပါးနားမလည်တာကို ဆိုလိုတာပါ။ အခြေအနေနဲ့
အချိန်အခါအရ အလုပ်တစ်ခုကို တိုးချဲ့သင့်/မသင့်ကလည်း
အရေးကြီးပါတယ်။
11.Sacrifice အနစ်နာခံနိုင်ရမယ်.....
နေရာတကာမှာ ကိုယ်အသာရဖို့ ဘယ်တော့မှ မတွေးပါနဲ့
"အနာခံနိုင်မှ အသာစံ "ရမှာပါ။
12.Salvation ခွင့်လွှတ်တတ်ရမယ်.....
သည်းခံခြင်းက အောင်မြင်ခြင်း ဆိုသလို သည်းခံနိုင်မှ ရင့်ကျက်လာမှာပါ
မအောင်မြင်ခင်အချိန်မှာ သည်းခံခဲ့သလို အောင်မြင်သွားချိန်မှာလည်း
သည်းခံဖို့ လိုအပ်ပါတယ်။ လူတစ်ချို့က အလုပ်မဖြစ်ခင် အချိန်မှာ
အောက်ကျို့ခဲ့ကြပေမယ့် အလုပ်လည်း အဆင်ပြေလာရော
မာန်တက်နေတတ်ကြတယ်။ သည်းခံနိုင်မှ ဘဝလည်း ချောမောလာမှာပါ။
ကိုယ့်အပေါ်ကို နစ်နာအောင် လုပ်သွားသူကိုလည်း ခွင့်လွှတ်သင့်ရင်
ခွင့်လွှတ်တတ်ရတယ်။ ခွင့်လွှတ်နိုင်ခြင်းဆိုတာ ပူလောင်မှုကို
ငြိမ်းချမ်းစေပြီး ကိုယ့်ရဲ့ ဒေါသစိတ်ကို အောင်နိုင်ခြင်းပါပဲ။
နာကျည်းမုန်းတီးခြင်းဆိုတာ ဘဝတစ်ခုအောင်မြင်ဖို့ တွန်းအား
ဖြစ်စေတယ် ဆိုပေမယ့် နာကျင်မှုတွေကြောင့်ပဲ လှပတဲ့ဘဝကို
အမည်းရောင်စွန်းထင်းစေပြီး ဘဝတက်လမ်းကို မှုန်ဝါးစေပါတယ်။
13.Shame ရှက်တတ်ရမယ်.....
လူ့စိတ်ဆိုတာ ရှက်တတ်မှ မခံချင်စိတ်ဖြစ်လာတာမျိုးပါ
ရှက်တတ်ခြင်းက အောင်မြင်မှုရဖို့ "အား "တစ်ခုပါ။ မနာတတ်ရင်
ရှက်စိတ်ပျောက်ပြီး ငပေါကြီးဖြစ်ကာ အစွန်းအစ ပျောက်သွားတတ်တယ်။ ရှက်တတ်မှ အောင်မြင်လာသလို ကိုယ့်ဘဝကို
အနှိမ်မခံရအောင် ကြိုးစားလာတာမျိုးပါ။
14.Sane ဆင်ခြင်နိုင်စွမ်းရှိရမယ်.....
ဆင်ခြင်သုံးသပ်နိုင်မှုဆိုတာ အတွေ့အကြုံကလာပြီး အမှားနည်းအောင်
ကြိုတင်ပြင်ဆင်မှုပါ။ လူတစ်ချို့က လုပ်ချင်တာကို ဇွတ်လုပ်ပြီး
မှားရင် မှောက်အိပ်မယ်ဆိုတဲ့ ပညာသားမပါတဲ့ မိုက်ရူးရဲ ဆန်ဆန်
လုပ်တတ်ကြတယ်။ မိုက်ရူးရဲ ဆန်ခြင်းက တစ်ခါတစ်လေမှာ
အမြင့်ဆုံး ရောက်သွားတတ်ပေမယ့် အဲ့ဒီမိုက်ရူးရဲဆန်မှုကြောင့်ပဲ
အောက်ဆုံးအဆင့်အထိ ထိုးဆင်းသွားတတ်တယ်။ လူတစ်ချို့ကတော့
ဆင်ခြင်သုံးသပ်ရင်း အချိန်တွေကုန်လာပြီး တွေဝေလာကာ
အရှေ့မရောက် အနောက်မရောက်နဲ့ အလယ်မှာ ကန့်လန့်ကြီး
ဖြစ်နေတတ်တယ်။ ဆင်ခြင်သုံးသပ်တာနဲ့ တွေဝေမှုဆိုတာ မတူညီပါဘူး။ တွေဝေတယ်ဆိုတာက သတ္တိကြောင်လာပြီး မပြတ်သားခြင်းကို ဆိုလိုတာပါ။
15.Sage ပညာရှိရမယ်......
ပညာရှိရမယ်ဆိုတာက အတန်းပညာအပြင် အကောင်းအဆိုးခွဲခြားနိုင်
တဲ့ အသိပညာ၊ အတတ်ပညာ တစ်ခုခုတတ်မြောက်သင့်ပါတယ်။
အသိပညာရဖို့ စာများများဖတ်ရသလို အတွေ့အကြုံနဲ့ အသိပညာ
ကို ပေါင်းစပ်တတ်လာရင် အလုပ်အောင်မြင်ဖို့ မြန်မြန်နီးလာလေပါ။
ပညာရှိလာခြင်းအားဖြင့် ယဉ်ကျေးသိမ်မွေ့လာပြီး စိတ်ရှည်သည်းခံနိုင်လာကာ လူချစ်လူခင်များလာပါလိမ့်မယ်။ အမှားနည်းလာပြီး
အောင်မြင်သောဘဝကို ရေရှည်ထိန်းနိုင်လာပါလိမ့်မယ်။
အတိုဆုံးနဲ့ အထိမိဆုံး ရင်ဘတ်ထဲရောက်အောင် တင်ပြပေးခြင်းပါ။
အချက်အားလုံးပြည့်စုံဖို့ မလွယ်ကူပေမယ့် အတတ်နိုင်ဆုံး ကြိုစားလိုက်နာမယ်ဆိုရင် အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာသေချာသလောက်ရှိပါတယ်။
#Credit - original
#la min
ယူနီကုတ်
တော့ အသကျပါတဲ့ အပွုံးမဟုတျဘဲ ပကာသနအပွုံးပဲ
ဖွဈနပေါလိမ့ျမယျ။
4.Solemn ကိုယျကငြ့ျသိက်ခာရှိရမယျ....
ကိုယျကငြ့ျသိက်ခာဆိုတာ ကိုယျကငြ့ျတရားကောငျးပွီး ပကာသနနဲ့
မထိခိုကျအောငျ လိမ်မာပါးနပျဖို့ လိုပါတယျ။
8.Secret လှိူ့ဝှကျတတျရမယျ.....
အခွားသူရဲ့ ဂုဏျသိက်ခာကို ထိခိုကျမည့ျ အပွုအမူမြားကိုလညျး
#Credit - original
#la min
Comments
Post a Comment