"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"❤️-------❤️--------❤️


 လက်လွှတ်လိုက်ရတာတွေအားလုံးကို
 အ ရှုံး လို မ သတ် မှတ် ပါ နဲ့ လား
 ကိုယ်ဟာ သူနဲ့မထိုက်တန်လို့ ဖြစ်နိုင်သလို
 သူဟာ ကိုယ်နဲ့မထိုက်တန်လို့လဲ ဖြစ်နိုင်တာဘဲ

 ပြီးပါပြီလုိ့ စာတန်းထိုးတဲ့အခါ
 လာရာလမ်းအတိုင်း ပြန်ရဲရတယ်
 မရှိတော့တာတွေကို သတိရနေသေးသရွေ့
 မင်း ဒဏ်ရာတွေ ကျက်လာမှာ မဟုတ်ဘူး

 အ ချိန် ဟာ 
 အားလုံးကို ကုစားပေးနိုင်တယ်ဆိုတာ
 လူတွေကို သက်သက် ညာပြောတာ

 ကိုယ့်ကိုယ်ကိုယ် မကုစားနိုင်သရွေ့
 ကိုယ့်စိတ်ကိုယ် မဆုံးမနိုင်သေးသရွေ့
 ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲသေးသရွေ့တော့
 ဘဝဟာ ဘာမှ ထူးပြီး မလာနိုင်ပါဘူး

 အမှတ်တရတိုင်းက
 အမှတ်ရနေဖို့ မကောင်းဘူး
 တစ်ချို့ အမှတ်တရတွေက
 အမှတ်ရနေသူကိုဘဲ သေစေနိုင်တာ
 ကိုယ့်ကိုယ်ကိုယ်ချစ်ရင် ပြန်ပြန်မတွေးရဘူး

 လူတွေဟာ
 ကိုယ့်ကိုယ်ဘဲ နားအလည်ဆုံးပါ
 ကိုယ့်ကိုယ်ကိုယ်ဘဲ အချစ်တက်ဆုံးပါ

 ကိုယ့် ခံ စား ချက် ကို 
 ကိုယ့်လောက် ဘယ်သူမှ မသိဘူး
 ကိုယ့်ဘဝရဲ့ အကောင်း , အဆိုး
 အ တွင်း ကျ ကျ အ ပိုင်း တွေ ကို
 ကိုယ်ကလွဲပြီး တခြာသူအပြည့်အဝမသိနိုင်ဘူး

 ပြန်ပြောလို့မကောင်းတဲ့ အတိတ်တွေ
 လူ တိုင်း မှာ ရှိ ကြ သ လို
 တစ်ယောက်ယောက်ရဲ့ ရှေ့မှာ
 ငို ချ ပြီး ပြော ပြ လိုက် ရုံ နဲ့ လဲ
 တစ်ချို့ဒဏ်ရာတွေက သက်သာမလာပါဘူး

 ဒါတွေကို သိထားရင်
 တစ်ယောက်ယောက်က အနားမှာ
 အမြဲရှိနေမှာဘဲလို့ မျော်လင့်မထားသင့်သလို
 ချစ်ခြင်းမေတ္တာနဲ့  လူတစ်ချို့ဟာ
 ပြောင်းလဲမသွားဘူး ပြေးထွက်မသွားဘူးလို့လဲ
 ဘယ်တော့မှ ပုံသေတွက် မထားပါနဲ့

 မသေခင်ကတည်းက
 စွန့်လွှတ်လိုက်ရတာတွေ ရှိသလို
 အသက်ရှင်နေပါလျှက်နဲ့လည်း
 ပိုင်ဆိုင်ခွင့် မရတော့တာတွေ ရှိပါတယ်

 ရေစက်ရှိသလောက်ပဲ ချစ်နေပေးပြီး
 ဝဋ်ကြွေးရှိသလောက်တော့ ပေးဆပ်သွားပေါ့

 တစ် ခါ တ လေ မှာ
 ဆွဲထားရင်းနဲ့ပင်ပန်းရတာတွေလဲရှိတယ်
 မျော်လင့်ထားမိလို့ နာကျင်ရတာတွေလဲရှိတယ်
 နားလည်ဖို့ကြိုးစားရင်နဲ့ ဝေးသွားတာလဲရှိတယ်
 အရမ်းကြီး သည်းသည်းလှုပ်ချစ်ပြလိုက်လို့
 အနားက ပြေးထွက်သွားတာတွေလဲရှိတယ်

 ဒီလိုဘဲ  ဘဝမှာ
 ကိုယ့်စိတ်တိုင်းကျ လုပ်ယူလို့မရတာတွေ
 အ များ ကြီး ရှိ တယ်

 ဒါကို နားလည်ထားတဲ့သူဟာ အေးချမ်းပြီး
 ဒါကို နားမလည်တဲ့သူက ပူလောင်ရတယ်

 တစ်ယောက်ထဲစားတော့ရော
 ထ မင်း မ ဖြစ် ဘူး  လား
 တစ်ယောက်ထဲ အိပ်တော့ရော 
 အိပ် ရေး မ ဝ ဘူး လား
 နှစ်ယောက်လျှောက်မှ ခရီးရောက်မှာမို့လား
 တစ်ယောက်နားမှာ တစ်ယောက်မရှိလည်း
 တစ်နေ့ကျရင် အသက်တွေ ကြီးလာရဦးမှာ
 ပိုင်ဆိုင်တာတွေ  ချစ်ရသူတွေအားလုံးကို
 နှုက်ဆက်ပြီး လောကကြီးကထွက်သွားရဦးမှာ

 ငါ့ဘဝထဲကို ဝင်လာပါကွာလို့
 တစ်ကူးတကကြီး ဖိတ်ခေါ်နေဖို့ မလိုသလို
 နင်ထွက်မသွားပါနဲ့ဟာလို့လဲ
 အပင်ပန်းခံပြီး ဆွဲထားစရာ မလိုပါဘူး

 ဘယ် သူ ချစ် နေ မှ
 ဖြစ်မယ်ဆိုတဲ့စိတ်နဲ့ မနေနဲ့
 ဘယ် သူ မှ မ ချစ် လဲ
 ငါ့ကိုငါ ချစ်မယ်ဆိုတဲ့စိတ်နဲ့ နေ

 ဘယ်သူမှ ဂရုမစိုက်လဲ
 ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

 ကိုယ့်ကိုယ်ကို ဂရုစိုက်မှ
 ရုပ်လဲကျန်းမာမယ် စိတ်လဲချမ်းသာလာမယ်

 ကိုယ့်ကိုယ်ဂရုစိုက်မှ
 ဒဏ်ရာတွေလဲ အနာကျက်လာမယ်
 နာကျင်စရာတွေဆီကလဲ ထွက်လာနိုင်မယ်

 ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှ
 မျက်ရည်ကင်းကင်း ရှင်သန်လာနိုင်ပြီ
 ဘဝဟာ လွတ်လပ် ပေါ့ပါးလာပါလိမ့်မယ်

 ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့နေ့ဟာ
 အချုပ်အနှောင်တွေက လွတ်မြောက်ပြီ
 ပျော်ရွှင်မှုတွေ တံခါးပွင့်လာမယ့် နေ့ပါဘဲ ။

Credit: 
#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ

https://www.facebook.com/575185889651884/posts/1047168215786980/

Comments

Popular Posts