စောင့်ထိန်းအပ်သေား လူမှု့ကျင့်ဝတ်များ

“စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ”

🔶ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ လူတိုင်းမှာ ရှိပါတယ်။

🔶ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ 
အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကားတာမျိုး 
မပြုလုပ်ပါနဲ့။လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။ 

🔶ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။
မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ 
အခွင့်အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။ 

🔶ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ 
သိက္ခာတရားဆိုတာ မွေးမြူသင့်ပါတယ်။

🔶ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့ 
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။ 

🔶ဘယ်လောက်ပဲ ရိုးသားတဲ့လူကိုတွေ့ပါစေ။ 
သင့်အကျိုးအမြတ်အတွက်အသုံးမချပါနဲ့။
ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်ပါဘူး။ 

🔶သင်ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
ဖြစ်နေလဲ အလွယ်တကူ အနိုင်ကျင့်ချင်တဲ့ 
စိတ်ဓာတ်မျိုး မမွေးပါနဲ့။ 
ဒီကနေ့ အင်အားကြီးမားသူဟာ 
နောင်တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

🔶ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်ကျင်ဖက် ဖြစ်နေပါစေ။ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့။ 
မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။
အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

🔶သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ 
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။ 
နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။ 

🔶မိမိကြိုက်နှစ်သက်တဲ့ လူ၊အရာဝတ္ထု၊အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိဘာသာ စိတ်ကြိုက် 
နှစ်သက်ခွင့်ရှိပါတယ်။ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး 
သင်ကြိုက်တဲ့ အရာတွေကို ဂုဏ်တင်ပြီး
ပြောစရာမလိုပါဘူး။သင်ကြိုက်နှစ်သက်တဲ့အရာတွေကို 
အခြားသူကလည်း သင့်လိုပဲ တုန့်ပြန်လာရင်
သင်လည်း အလွယ်တကူ လက်မခံနိုင်ပါဘူး။

သူတစ်ပါးရဲ့ဆုံးဖြတ်ချက်မှာ 
သင့်ဦးနှောက်ကို သုံးဖို့ မလိုအပ်ပါဘူး။ 

ကိုယ်ချင်းစာတရားဆိုတာ 
သင်တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ 
အခြားသူတွေ အပေါ်မှာလည်း ထားသင့်ပါတယ်။ 

#Credit_Original_Writer
#Dare_to_Dream
#Words_for_Youths
#Just_sharing

Comments

Popular Posts