ရှင်သန်နိုင်ရမယ်

🚶ရှင်သန်နိုင်ရမယ်🚶
=== === === ===

ဘဝက ပင်လယ်ဆိုရင်
ကိုယ်က လှေငယ်တစ်စင်းဘဲလေ။
တက်ကျိုးရင် လက်နဲ့လှော်ရမယ်ပေါ့။
လောကဓံ မှုန်တိုင်းဆိုတာမျိုးက
ကိုယ် တစ် ယောက် ထဲ စီ ကို
ကွက်ပြီးရွာနေတဲ့ မိုး,မဟုတ်ဘူး။ 

ပင်လယ်ကျယ်တာကြည့်ပြီး
စိတ် ဓာတ် ကျ နေ ရင် တော့
ဘယ်တော့မှ ကမ်းရောက်မှာမဟုတ်ဘူး။

အဆင်မပြေမူ့တွေလဲ ရှိမယ်
ခါးသီးမူ့တွေနဲ့လဲ ကြုံရမယ်
ဒါကိုဘဲ ဘဝလို့ခေါ်ရင်း
ဒုက္ခတွေကို ဆေးဖက်ဝင်အောင်
သောက်သုံးတတ်ရမယ်။

တစ်ခါမက ပြိုလဲခြင်းတွေကဘဲ
ကိုယ့်ကို နောက်တစ်ခါ သန်မာစေတယ်။

အ ရှုံး ဆို တာ ဘ ဝ ရဲ့
အ ဆုံး သတ် မ ဟုတ် ဘူး လေ။
အောင်မြင်မူ့အတွက် ရှင်သန်ရာ
တွန်းအားတစ်ခုဘဲ မဟုတ်ပါလား။

စဉ်ဆက်မပြတ် ကြိုးစားနေရမယ်။
အိမ်မတ်တွေက စျေးကြီးတယ်
ဆုတောင်းနေရုံနဲ့တော့
ဘာ မှ ဖြစ် လာ မှာ မ ဟုတ် ဘူး။

ကျရှုံးမူ့ဆိုတာ
လူတိုင်းမလိုချင်တဲ့ ဒုက္ခတစ်မျိုး
ဒါပေမယ့် လူတိုင်းကျရှုံးဖူးတယ်
လဲကျရင် ပြန်ထနိင်ရမယ်
ဒါကိုဘဲ ဘဝလို့အမည်ပေးမယ်။

လောကဓံ မြစ်ရေစီးမှာ
ပြုသမျှ စုန် ဆန် စီးပေးနေရအောင်
ကိုယ်က ဗေဒါမှမဟုတ်တာ။

ဆယ် ခါ လဲ ရင် 
ဆယ့် တစ် ခါ ပြန် ထ မယ်
ခါး သီး မှု တွေ က နေ ဘဲ
ချို မြိန် ခြင်း ကို ရှာ ဖွေ ကြ မယ်။

ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့
ဘဝက တစ်ယောက်ချင်းစီတိုင်းကို
မတူညီတဲ့ ပန်းတိုင်တစ်ခု 
ပုစ္ဆာတစ်ခုစီပေးထားတယ်
ကိုယ့်ရဲ့ လုပ်ဆောင်ချက်က
ကိုယ့်ဘဝအဆုံးဖြတ်ဘဲ။

ခက်ခဲတဲ့ ဒုက္ခ ဧရိယာဆိုတာ
ကိုယ်တစ်ယောက်မှ အပ 
အပြင်လူမဝင်ရ,ဆိုပြီး
ဆိုင်းပုဒ်တတ်ထားတာလဲ မဟုတ်ပါဘူး။

အားလုံးကျင်လည်နေရတဲ့
လောကဓံ တရားတွေပါ
ရုန်းထွက်နိုင်မှသာ
အောင်မြင်မှုကို ရရှိနိုင်လိမ့်မယ်။

အ ခက် အ ခဲ တွေ လဲ ရှိ မယ်
ပြ ဿ နာ တွေ လဲ ရှိ  မယ်
အ ဆင် မ ပြေ မှု တွေ လဲ ရှိ မယ်
ဒုက္ခ တွေ လဲ ရှိ မယ်။

ပျော် ရွင် ခြင်း , ဝမ်း နည်း ခြင်း
ဒါတွေကို အချိုးအစားလိုက်
ပေါင်းစပ် ဖွဲ့စည်းထားခြင်းကိုဘဲ 
ဘ ဝ လို့ ခေါ် တယ်။

ကိုယ်မလိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
အကောင်ဆုံး ရဲရင့်စွာ ရှင်သန်တတ်ရမယ်။

ကိုယ်လိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
တည် တည် ငြိမ် ငြိမ် နဲ့ အေးချမ်းတတ်ရမယ်။

ဘာအတွက်နဲ့မှ ဘဝကိုအရှုံးမပေးပါနဲ့။

ချိုမြိန်ခြင်းကို လို့ချင်တဲ့အခါ
ခါးသီးခြင်းတွေကို ကျော်ဖြတ်နိုင်ရမယ်။

အောင်မြင်မှုကို လိုချင်တဲ့အခါ
ကျရှုံးမှုတွေကို ကျော်ဖြတ်နိုင်ရမယ်။

လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့
မလိုချင်တဲ့ ခရီးကြမ်းတွေကို
နင်းလျှောက်ရင်း အိမ်မက်တွေကို
အကောင်ထည်ဖော်ဖို့ ဘဝကို
ရဲရင့်စွာ ရှင်သန်သွားကြမယ်။

🚶ရဲ ရင့် ပါ🚶
 ~~~~~~~
👉 လူတချို့နဲ့ ကျန်တဲ့အကြောင်းအမျိုးအမျိုးက
      မင်းကိုတိုက်ခိုက်နေပြီးလား

👌 ဒီအတွက်နဲ့ စိတ်ဓာတ်ကျနေရမဲ့
     အတွေးတွေကို့ အခုပဲ မောင်းထုတ်ပြစ်လိုက်ပါ။

💪 မင်းရှေ့ဆက်လျှောက်ပါ  မင်းလုပ်နိုင်ပါတယ်
      မင်းဟာ သန်မာတဲ့သူတစ်ယောက်ပါ။

🤜 မင်းလိုဘဲ လူတိုင်းမှာ အတိုက်အခိုက်တွေနဲ့ပါ
     ဒါပေမဲ့  လက်ခံပုံခြင်းတော့ကွာတာပေါ့။

    ✴ ရေခွက်ထဲကို ထည့်တဲ့ ဆားတစ်ဆုပ်နဲ့
           ရေကန်ထဲကို ထည့်တဲ့ ဆားတစ်ဆုပ်
                ဆားတစ်ဆုပ် ခြင်းတော့ တူပေမယ့်    
                    လက်ခံတဲ့ ရေ ရဲ့ကြယ်ပြန့်မူ့ကြောင့်
                        ရလဒ်ကတော့ ကွားသွားတယ်✴

👍 မင်းဟာ ရင့်ကျက်သူတစ်ယောက်အနေနဲ့ အကောင်းဘက်ကတွေးရင် မင်းအတွက် အသုံးချစရာတစ်ခုအဖြစ် ခွန်အားရမှာပါ။

👎 မင်းဟာ ရင့်ကျက်မှု မရှိတဲ့ စိတ်နဲ့ 
      လိုက်ခံစားနေရင် ပူလောင်မယ် ဒါပါပဲ။

👍 တချို့အောင်မြင်မှုတွေက
     ကိုယ့်ရဲ့ စိတ်ရှည် သည်းခံမှု ခံနိုင်ရည်အပေါ် 
     စမ်းသပ် ပြီးမှရောက်ရှိလာတာမျိုးပါ။

👌 စာဖတ်မိတ်ဆွေ မင်းမရှိပဲအစဉ်ပြေ နေနိုင်နေတဲ့ လူတချို့အတွက် သူတို့ မရှိပဲနဲ့လည်း
မင်းအစဉ်ပြေ နေနိင်အောင်ကြိုးစားပါ။
 
               🏋️‍♀️ ကျန်းမာရေးကို ဂရုစိုက်ပါ။ 
               😴 အချိန်မှန်အိပ်ပါ။
               😋 အချိန်မှန်စားပါ။   
               ♥ ဒီနေ့ ကို ပျော်ရွှင် စွာ ဖြတ်သန်းပါ။  
               🚶 မနက်ဖြန်အတွက် ရဲရင့်ပါ။
#PHYU

စာဖတ်သူမိတ်ဆွေများအားလုံး လိုအင်ဆန္ဒတွေပြည့်ဝပါစေ 😍😍

Credit to original writer
===================

Comments

Popular Posts