စိတ်အားငယ်တိုင်းဖက်ပါ ညီငယ် ညီမလေး
စိတ်အားငယ်တိုင်း ဖတ်ပါညီမလေး
^==================^
လောကကြီးမှာ ဖြစ်သင့်တာနဲ့ ဖြစ်ထိုက်တာကိုဦးစားပေး ရွေးချယ်နေကြရတယ် ။
အားမငယ်ပါနဲ့ ညီမလေး ။
နာကျင်မှုများမှ ရင့်ကျက်ရတာ
ဓမ္မတာပါ တည်ငြိမ်သူ တစ်ယောက်ဖြစ်ဖို့ ပေးလိုက်ရတဲ့ နာကြင်မှု ရင်းလိုက်ရတဲ့ ဝေဒနာ သေရာပါကြရတယ် ။
ဘာမဆိုလုပ်ယူရတဲ့ ခေတ်မှာ ဆုတောင်းစရာမလိုဘူးဆိုတဲ့ မိဘမေတ္တာတောင်မှ လုပ်ယူတတ်မှ မိဘရဲ့ အချစ်ဆုံး သားသမီးဖြစ်ရတဲ့ အဖြစ်မျိုး ။
တစ်ခါတစ်လေ စိတ်ဓာတ်ကျရုံလောက်နဲ့ အရှုံးမပေးနဲ့ လောကဓံဆိုတာ ကိုယ့်ရင်ဘတ်ထဲက
ဒဏ်ရာလောက်ကြောက်စရာမကောင်းဘူး ။
လဲကျတိုင်းပြန်ထပါ လွဲချော်မှုတိုင်းက အမှန်ရောက်ဖို့ဆိုတာ မမေ့နဲ့ ။
သောကတွေချနင်းပြီး အပြုံးတွေနဲ့ စစ်ခင်းလိုက်ပါ သူရဲကောင်းဆိုတဲ့ စိတ်ဓာတ်က ကြံ့ကြံ့ခိုင်ပန်းတိုင်ချီတက်နေမှာ အမှန် ။
မုန်တိုင်းက အမြဲတမ်းတိုက်ခိုက်နေတာမဟုတ်ပါဘူး
လေပြေ လေညှင်းတွေလဲ ရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
အခက်အခဲ ဆိုတာ လူ့ဘဝ လူ့ဝန်းကျင်မှာ ရှိနေတာ မဆန်းတော့ဘူး အတွေ့ကြုံဖြစ် အသုံးပြုပါ ။
သင်္ခန်းစာဆိုတာက လေ့လာလိုက်စားတတ်မှ တိုးတက် အောင်မြင်တာပါ ညီမလေး ။
ရင်ဘတ်ထဲက ဒဏ်ရာက သွေးမထွက်ပဲ နာတယ် ဆိုပေမယ့် အမာရွတ် မရှိဘူး ။
ငယ်ရွယ်စဉ် ပညာရှာ ကြိုးစားရမှာ
အလှတွက် မှန်ကိုကြည်သလို ဘဝအတွက် စာလည်း ကြည့်ရမယ် ။
အရှုံးရဲ့ရလာဒ်က ပျော့ညံ့သူတွေရဲ့ အလုပ်
တစ်ခါလဲရုံနဲ့ ပြန်မထကြတော့ဘူး ။
ခရီးဆိုတာ တစ်လှမ်းသွားရင် တစ်လှမ်းရောက်တယ် များများလှမ်းတဲ့ လူအတွက် ပန်းတိုင် ဘယ်ပြေးမလဲ ။
စံပယ်ပန်းလေးတွေ ဘယ်လောက် လှလှ
ကြွေကျသွားရင် ဘုရားတင်ဖို့ မထိုက်တန်တော့ဘူး ဒါကြောင့် အကြွေပန်းလို မနွမ်းစေနဲ့ ။
လဲကျတိုင်းပြန်မထရင် အကြွေပန်းပဲ ။
ဇွဲဆိုတာလူကဖန်တီးထားတာ စိတ်ဓာတ်ဆိုတာလဲ လူကပဲဖန်တီး ထားတာပဲ
သတ္တိကိုလဲ လူကပဲပြုလုပ်ထားတာပဲလေ
ဇွဲလုံ့လ ဝိရိယ တဲ့ ။
ကံ ဥာဏ် ဝိရိယ ဘယ်လူသားမှ မပြည့်စုံကြပါဘူး မမှားသော ရှေနေ မသေသောဆေး သမား ဘယ်မှာရှာလို့တွေ့မှာလဲ ။
ဒါကြောင့် အားမငယ်ပါနဲ့ ညီမလေး ။
လောကကြီးကို ရင်ပေါင်တန်းဖို့
သောကတွေကို ဘေးဖယ်ထား
မျှော်လင့်ချက် ဆိုတဲ့ ပန်းတိုင် ဦးတည်ထား
လမ်းကြောင်းပြောင်းပြီး သွားရပါစေ
ကိုယ်မှန်းထားတဲ့ ပန်းတိုင်တော့ အပြောင်းမခံနဲ့ ။
တစ်နေ့မုချ ရောက်ရမည် ။
လူတွေမှာ စိတ်တန်ခိုးက အရေးကြီးဆုံး အချက်ပဲ စိတ်ညစ်ရင် လူပါနွမ်းတယ်
စိတ်ပျော်ရင် လူပါ လန်းတယ် ဒါကို သတိထားပါ ။
စိတ်ရဲ့ အညက်ကျေး မှန်သမျှ ဥပေက္ခာ
ပြု့နိုင်အောင်ကြိုးစားပါ ။
ညီမလေး ။ တစ်နေ့ပန်းတိုင်ဘယ်ပြေးမလဲ
.
Comments
Post a Comment